10/10/2026
အရက်ကြိုက်တဲ့သူတစ်ယောက်ကို
အဲ့သည့်ကောင် အရက်သမားလို့
ကဲ့ရဲ့မယ် ကြံရင်တောင်
သူသောက်နေတဲ့ အရက်နဲ့
တန်ဖိုးကို အရင် ကြည့်လိုက်ပါဦး။
ခုခေတ်ကာလ အနေနဲ့
ပြောရင်တောင်
သူ နေ့စဉ် သောက်နေတဲ့
အရက်က
$ 100 တန် ဆိုရင်တောင်
လေးသိန်းကျော်နေပြီ။
$ 500 - 1000 တန် အရက်ကို
သောက်နေတဲ့သူကို
အရက်သမားလို့
သွား မကဲ့ရဲ့ပါနဲ့။
မင်း အရည်အချင်းက
သူ့ အမြည်းဖိုးတောင် မရှိဘူး။
အရက်ဖြူ
တောအရက်သောက်ရင်း
ရမ်းနေတဲ့ သူနဲ့
Blue label, Royal Salute,
Valentine 30 year နဲ့
Hennessy XO ကို
အရသာခံ သောက်တဲ့သူက
တန်ဖိုးချင်း
အများကြီးကွာပါတယ်။
အရက် ဆို အရက်ပေါ့ကွလို့
စောဒက မတက် ပါနဲ့ဦး။
ဆယ်တန်းကို moderation နဲ့
အောင်တဲ့သူနဲ့
D နဲ့ အောင်တဲ့သူတောင်
အရည်အချင်းကွာပါတယ်။
မနာလိုစိတ်တွေနဲ့
ကဲ့ရဲ့ တတ်ခြင်းဟာ
အောက်တန်းစား စိတ်ဓါတ်ဆိုတာကို
သိနားလည်စေချင်တာပါ။