Mae Khwae - မယ်ခွေ ချစ်သက် လက်ဆောင်

  • Home
  • Mae Khwae - မယ်ခွေ ချစ်သက် လက်ဆောင်

Mae Khwae - မယ်ခွေ ချစ်သက် လက်ဆောင် Traditional Cheroot

ဒီနေ့ကျရောက်တဲ့ May Day (အလုပ်သမားနေ့) မှာ  #မယ်ခွေ ဆိုပြီးဖြစ်တည်လာအောင် အဘက်ဘက်ကနေ ကာယအား ဉာဏအားနဲ့ ကိုယ်စီတာဝန်ထမ်းဆေ...
01/05/2025

ဒီနေ့ကျရောက်တဲ့ May Day (အလုပ်သမားနေ့) မှာ #မယ်ခွေ ဆိုပြီးဖြစ်တည်လာအောင် အဘက်ဘက်ကနေ ကာယအား ဉာဏအားနဲ့ ကိုယ်စီတာဝန်ထမ်းဆောင်နေကြတဲ့ မယ်ခွေဝိုင်းတော်သားတွေအပါအဝင် ကမ္ဘာအရပ်ရပ်မှာရှိတဲ့ အလုပ်သမားအားလုံးကို လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုကြိုဆိုလိုက်ပါတယ်။💪

#မယ်ခွေ #အလုပ်သမားနေ့

🧑‍💻ပိတ်ရက်တွေပြီးလို့ ရုံးပြန်တက်ရပြီဆိုတော့ အလုပ် mood on ဖို့ မယ်ခွေနဲ့ မှဖြစ်မှာပေါ့ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေ အလုပ်စာ...
22/04/2025

🧑‍💻ပိတ်ရက်တွေပြီးလို့ ရုံးပြန်တက်ရပြီဆိုတော့ အလုပ် mood on ဖို့ မယ်ခွေနဲ့ မှဖြစ်မှာပေါ့

ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေ အလုပ်စားပွဲမှာ ငိုင်နေမှိုင်နေပြီဆိုရင်လဲ idea လန်း အတွေးဆန်းဖို့ မယ်ခွေလေး မျှလိုက်ပါဦး...😉

#မယ်ခွေချစ်သက်လက်ဆောင် #မယ်ခွေ

မြန်မာနှစ်ဆန်းတစ်ရက်နေ့ အခါသမယမှာ မယ်ခွေချစ်သူတို့ ဘေးဘယာဝေးကွာပြီး စိတ်ရောကိုယ်ပါ ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း နှစ်သ...
17/04/2025

မြန်မာနှစ်ဆန်းတစ်ရက်နေ့ အခါသမယမှာ မယ်ခွေချစ်သူတို့ ဘေးဘယာဝေးကွာပြီး စိတ်ရောကိုယ်ပါ ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း နှစ်သစ်ဆုမွန်ကောင်းတောင်းလိုက်ပါရစေ...

#မယ်ခွေချစ်သက်လက်ဆောင် #မယ်ခွေ

"နွေလေအဝိုက်မယ်ခွေတစ်ရှိုက်မှာတမ်းတမိသော သင်္ကြန်နေ့ရက်များ..."
14/04/2025

"နွေလေအဝိုက်
မယ်ခွေတစ်ရှိုက်မှာ
တမ်းတမိသော သင်္ကြန်နေ့ရက်များ..."

ချစ်သောအင်းလေး ငလျင်ကြောင့်ထိခိုက်ပျက်စီးမှုများတာသိရတော့ မယ်ခွေတို့အတော်လေးစိတ်ထိခိုက်ရပါတယ်...လမ်းခရီးထောက်လို့ အလှူရှ...
05/04/2025

ချစ်သောအင်းလေး ငလျင်ကြောင့်ထိခိုက်ပျက်စီးမှုများတာသိရတော့ မယ်ခွေတို့အတော်လေးစိတ်ထိခိုက်ရပါတယ်...လမ်းခရီးထောက်လို့ အလှူရှင်အရောက်နည်းနေတာသိရတော့ အင်းသူအင်းသားတွေအတွက် လိုအပ်တဲ့အလှူပစ္စည်းတွေနဲ့အတူ စိတ်ဓာတ်ခွန်အားမျှဝေဖို့ မယ်ခွေတို့အသင့်ပြင်နေကြပါပြီ။💪

အင်းထဲက အိမ်ခြေ (၁၈၀) စာ၊ ဆေးလိပ်ခုံခွဲ (၂၀) စာအပါအဝင် ရေသန့်၊ ခေါက်ဆွဲခြောက်၊ ဓါတ်ဆားနဲ့ ပြန်လည် ထူထောင်ရေး အလှူငွေလေးတွေပြင်ဆင်ထားပါတယ်။ တကယ်လိုအပ်နေတဲ့ ရွာတွေဆီကိုအရောက်ပို့ပေးနိုင်ဖို့ကြိုးစားသွားမှာဖြစ်လို့ မယ်ခွေတို့ရဲ့ချစ်သက်လက်ဆောင်လေးတွေက ချစ်သောအင်းလေးအတွက် ခွန်အားတစ်ရပ်ဖြစ်ဖို့ မျှော်လင့်ခြင်းများစွာဖြင့်...🥰🙏

#မယ်ခွေ #အင်းလေး

မယ်ခွေချစ်သူတွေ ဘေးကင်းကြရဲ့လား…အဆင်ပြေကြရဲ့လားရှင်😟ငလျင်ဘေးက အချိန်ခဏလေးအတွင်းမှာပဲ မယ်ခွေတို့မြန်မာပြည်သူတွေရဲ့ အသက်အိ...
01/04/2025

မယ်ခွေချစ်သူတွေ ဘေးကင်းကြရဲ့လား…အဆင်ပြေကြရဲ့လားရှင်😟
ငလျင်ဘေးက အချိန်ခဏလေးအတွင်းမှာပဲ မယ်ခွေတို့မြန်မာပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို တိုက်စားဖျက်ဆီးသွားခဲ့ပါပြီ။ ဒီလိုဆုံးရှုံးပျက်စီးမှုတွေအတွက် မယ်ခွေတို့ အတော်လေးဝမ်းနည်းကြေကွဲမိပါတယ်။

ဒီလိုသဘာဝဘေးတွေက ဘယ်အချိန်မှာ ဘယ်လိုအခြေအနေနဲ့ကိုယ့်ဆီထပ်ရောက်လာဦးမလဲမသိနိုင်တာမို့ ခုကစပြီး အတူတူ ကြိုတင်ပြင်ဆင်ကြရအောင်။ စိတ်ရောကိုယ်ပါ ထိခိုက်ညှိုးငယ်နေပေမဲ့ နေ့သစ်ကိုမျှော်မှန်းပြီး အချင်းချင်းနိုင်ရာအားနဲ့ ဝိုင်းဝန်ကူညီဖေးမကြရအောင်နော်...🙏💪

အားလုံးအတူ ကြိုးစားရုန်းကန်ရင်း နေ့သစ်တွေဆီ အရောက်သွားကြပါစို့။

#မယ်ခွေ

ဆေးပေါ့လိပ်ချစ်သူများအတွက် မရှိမဖြစ် "ဖွာတော် Set"မယ်ခွေချစ်သူတွေအတွက် ရိုးရာရဲ့အလှအပနဲ့ ရိုးရာဆေးပေါ့လိပ်ကိုအထာကျကျ အရသ...
22/02/2025

ဆေးပေါ့လိပ်ချစ်သူများအတွက် မရှိမဖြစ် "ဖွာတော် Set"

မယ်ခွေချစ်သူတွေအတွက် ရိုးရာရဲ့အလှအပနဲ့ ရိုးရာဆေးပေါ့လိပ်ကိုအထာကျကျ အရသာခံနိုင်ဖို့ "ဖွာတော် Set" လေးရှိနေပါပြီ။

ဆေးပေါ့လိပ်ချစ်သူများအတွက် မရှိမဖြစ်လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းလေးတွေကို မယ်ခွေတို့ရဲ့ မိခင်ကုမ္ပဏီတစ်ခုတည်းဖြစ်တဲ့ Burmade Art Space မှ တန်ဖိုးရှိပြီး လှပသေသပ်တဲ့ ယွန်းထည်တွေအဖြစ် ဖန်တီးထုတ်လုပ်ပေးထားတာပါ။

✨"ဖွာတော် Set" လို့အမည်ပေးထားတဲ့ Smoking accessorie set လေးမှာ ယွန်းမီးခြစ်၊ ယွန်းပြာခွက် နှင့် ယွန်းဗန်းလေးတွေ ပါဝင်ပြီး ကျွမ်းကျင်ယွန်းပညာရှင်များမှယွန်းထည်တစ်ခုစီတိုင်းကို ရိုးရာယွန်းပန်းပညာ နည်းစနစ်တွေအတိုင်းပြုလုပ်ကာ အနုစိပ်လက်ရာများကို ရွှေရေး၊ ယွန်းခြစ် အဆင်တန်ဆာများဖြင့် Handmade ဖန်တီးပေးထားပါတယ် ✨

ဒီတစ်ပတ်အတွင်း မှာယူမယ့် သူတွေအတွက် "ဖွာတော် Set" နဲ့ အမှန်အကန် ဖွာတော်ဆက်နိုင်ဖို့ မယ်ခွေရဲ့ ဆေးပေါ့လိပ် အသစ်စက်စက်လေးကိုလည်း ဦးဦးဖျားဖျားမြည်းစမ်းနိုင်အောင် လက်ဆောင်ထည့်ပေးဦးမှာတဲ့လေ။

ကိုယ့်နှစ်သက်ရာ ဒီဇိုင်းလေးတွေကို ရွေးချယ်မှာယူနိုင်ပေမယ့် Limited item လေးတွေဖြစ်တာကြောင့် ကိုယ်လိုချင်တာလေးတွေ လက်မလွတ်သွားရအောင် အမြန်ဆုံး မှာယူထားလိုက်ဖို့တော့ လိုမယ်နော် 😉

မယ်ခွေဆေးပေါ့လိပ်ရဲ့ အရသာကို ယွန်းမီးခြစ်လေးနဲ့ မီးညှိရှိုက်ဖွာပြီး အရသာခံမယ်..
ယွန်းပြာခွက်လေးနဲ့ အထာကျကျ ပြာခြွေမယ်...
ဆေးစပ်အပြင်အဆင်လေးလုပ်တဲ့အခါ ယွန်းဗန်းအမိုက်စားလေးသုံးပြီး ရိုးရာရဲ့အနှစ်သာရကို အပြည့်အဝခံစားလိုက်ကြမယ်ရှင်..🖤

#ဖွာတော်Set #ချစ်သက်လက်ဆောင်

ချစ်သက်လက်ဆောင် Valentine's Gift Set လေးမှာတော့ Gift for Him နှင့် Gift for Her ဆိုပြီး နှစ်မျိုးနှစ်စားရှိပါတယ်ရှင့်။♂️...
04/02/2025

ချစ်သက်လက်ဆောင် Valentine's Gift Set လေးမှာတော့ Gift for Him နှင့် Gift for Her ဆိုပြီး နှစ်မျိုးနှစ်စားရှိပါတယ်ရှင့်။

♂️ မောင်ကြီးတို့အတွက် ရည်ရွယ်ထားတဲ့ Gift for Him set မှာတော့ ယွန်းဘူးအကြီး ၊ ယွန်းဘူးအသေး ၊ Rolling Tray လေးထောင့်ဗန်းပြား ၊ ယွန်းလက်ကောက် ၊ ယွန်းဆေးလိပ်ပြာခွက်အဝိုင်းနှင့် ယွန်းမီးခြစ်တို့ပါဝင်ပါတယ်။ ပြီးတော့ မောင်ကြီးတို့ကျိန်းသေသဘောကျမယ့် မယ်ခွေတို့ရဲ့ ဈေးကွက်မှာ မဖြန့်ချိရသေးတဲ့ အရသာအသစ်၊ ပုံစံအသစ်နဲ့ ရိုးရာဆေးပေါ့လိပ်အသစ်စက်စက်လေးကိုလည်း Surprise gift item အနေနဲ့ ထည့်ပေးထားပါတယ်။ဒီဆေးပေါ့လိပ်လေးကတော့ သာမန်ဆေးပေါ့လိပ်တွေထက် To***co 20% လျှော့ချထားတာမို့ ကျန်းမာရေးထိခိုက်မှုကို လျော့နည်းစေမယ့်အပြင် မွှေးပျံ့တဲ့ သင်းရနံ့လေးကြောင့် ကိုယ့်ဘေးမှာရှိနေမယ့် ချစ်ရသူကိုလည်း အနှောက်အယှက်မဖြစ်စေပါဘူးနော်။

♀️ နှမလေးတို့ ပျိုမေတွေနှစ်သက်သဘောကျမယ့် Gift for Her set လေးမှာတော့ ယွန်းဘူးအကြီး ၊ ယွန်းဘူးအသေး ၊ Rolling Tray လေးထောင့်ဗန်းပြား ၊ ယွန်းလက်ကောက် ၊ ယွန်းဘီး၊ ယွန်းကြည့်မှန်တို့နဲ့ ချစ်သူများနေ့အမှတ်တရ ချောကလက်အကောင်းစားလေး ထည့်ပေးထားမှာပါနော်။

ဒါ့အပြင် နှစ် Set လုံးမှာ ပေးချင်တဲ့သူရဲ့အမည်ကို ယွန်းထိုးပေးထားမယ့် Name Plate လေးလည်းပါဝင်ဦးမှာဖြစ်ပြီး ဒါလေးကတော့ ယွန်းထည်တို့ရဲ့ သဘောသဘာဝအတိုင်း အချိန်တစ်ခုယူရတဲ့အတွက် ဖေဖေါ်ဝါရီ(၅)ရက် မနက်ဖြန်အထိ နောက်ဆုံးထားပြီး မှာယူပေးဖို့တော့လိုပါတယ်ရှင့် ⏳

✨ချစ်သက်လက်ဆောင် Valentine's Gift Set လေးမှာ စုစုပေါင်း Item (၆)မျိုး ( ၅ရက်နေ့အမီမှာရင် ၇မျိုး ) အထိပါဝင်ပါတယ်။ Set တိုင်းမှာပါဝင်တဲ့ ယွန်းထည်တွေဟာ အချိန် ၃လမျှ ကြိုတင်ပြင်ဆင်ပြီး တစ်ခုချင်းစီကို ရိုးရာပန်းယွန်းပညာအတိုင်း ကျွမ်းကျင်ယွန်းပညာရှင်များမှ အနည်းဆုံး ယွန်းအလွှာ ၃လွှာမှ ၆လွှာအထိ တစ်ထပ်ပြီးတစ်ထပ် Coating လုပ်ကာ အရည်အသွေးပြည့်ဝတဲ့ ယွန်းအခိုင်ထည်တွေအဖြစ်ထုတ်လုပ်ထားတာပါ။ ပြီးတော့ ယွန်းထည်တစ်ခုချင်းစီမှာလည်း ဆန်းသစ်တဲ့ ပန်းဒီဇိုင်း ရုပ်ပုံများကို ယွန်းဆင် ယွန်းခွဲ အနည်းဆုံး ၂ရောင်မှ ၆ရောင်အထိ အချိန်ယူပြီး အသေးစိပ် ယွန်းခြစ်ခြယ်မှုန်းပေးထားပါတယ်။ ✨

ယွန်းထည်ဆိုတာဟာ အနုပညာပစ္စည်းတစ်မျိုးဖြစ်သလို သမိုင်းကြောင်းခိုင်မာတဲ့ ရိုးရာအမွေအနှစ်ပစ္စည်းတစ်ခုလည်းဖြစ်တာမလို့ ရှေးယခင်ကတည်းက တန်ဖိုးထားသိမ်းဆည်းကြတဲ့ ၊ အလှဆင်ကြတဲ့ အသုံးအဆောင်တွေပဲဖြစ်ပါတယ်။ မြန်မာမှာသာမက ကမ္ဘာမှာဆိုရင်လည်း မြန်မာ့ယွန်းဟာ UNESCO စာရင်းဝင် အမွေအနှစ်မြို့တော် ပုဂံနဲ့အတူ ယှဉ်တွဲပြီး တန်ဖိုးထားကြတဲ့ လက်မှုအနုပညာတစ်ရပ်ပဲဖြစ်ပါတယ်။ ဒါကြောင့် ယွန်းထည်ကို စိန်ရွှေရတနာများလိုပဲ အားလုံးက တန်ဖိုးထားကြတာပေါ့ရှင့်။

လောကမှာ တန်ဖိုးအရှိဆုံးအရာဟာ အချိန်လို့ ပညာဉာဏ်ကြီးမားသူတို့ ပြောခဲ့တဲ့စကားလေးနဲ့ ကိုးကားရမယ်ဆိုရင်တော့ ယွန်းထည်တစ်ခုစီတိုင်း တစ်ဆင့်စီတိုင်းမှာ အချိန်အများကြီးယူပြီး ဖန်တီးထားရတဲ့ Traditional Handmade စစ်စစ်ဖြစ်တဲ့ ချစ်သက်လက်ဆောင်လေးဟာစစ်မှန်တဲ့ ယွန်ထည်‌တွေရဲ့ နောက်ထပ်အရည်အသွေးတစ်ခုဖြစ်တဲ့ အချိန်ကြာလေ ပိုခိုင်ခံ့လေ၊ ပိုပြီးတန်ဖိုးရှိလေဆိုတဲ့အချက်နဲ့လည်းပြည့်စုံနေတာမလို့ အချိန်ကိုကျော်လွန်ပြီး ထာဝရတည်ရှိနေမယ့် ရှင်တို့ရဲ့ ချစ်ခြင်းမေတ္တာတွေကို ကိုယ်စားပြုပေးမယ့် အကောင်းဆုံးလက်ဆောင်လေးလို့ပဲ ဆိုလိုက်ပါရစေရှင် 🖤

#ချစ်သက်လက်ဆောင်

ချစ်ခြင်းမေတ္တာဆိုတာ ရှင်တို့တွေအတွက် ဘယ်လောက်တောင်အရေးကြီးပါသလဲ? ဘဝရဲ့ရှင်သန်ခြင်း၊ ဘဝရဲ့အဓိပ္ပာယ်တွေနဲ့ ယှဉ်ထိုးပြီးကြ...
27/01/2025

ချစ်ခြင်းမေတ္တာဆိုတာ ရှင်တို့တွေအတွက် ဘယ်လောက်တောင်အရေးကြီးပါသလဲ?
ဘဝရဲ့ရှင်သန်ခြင်း၊ ဘဝရဲ့အဓိပ္ပာယ်တွေနဲ့ ယှဉ်ထိုးပြီးကြည့်လိုက်ရင်တော့ လူတိုင်းအတွက်တော့ ချစ်ခြင်းမေတ္တာရဲ့ တန်ဖိုးကြီးမားမှုဟာ ငြင်းပယ်လို့မရနိုင်ဘူးလို့ဆိုရပါမယ်။

ဒီလိုမျိုး အပြစ်ကင်းတဲ့ချစ်ခြင်းတွေရဲ့ နေ့‌ထူးနေ့မြတ်လေးလို့ဆိုရမယ့် Valentine's Day လေးကတော့ နောက်လ ဖေဖေါ်ဝါရီ ၁၄ ရက်မှာ တစ်ခါပြန်ရောက်လို့ လာတော့မှာပါ။ ဒီနှစ်ရဲ့ Valentine's Day မှာ ကိုယ်တန်ဖိုးထားမြတ်နိုးရသူအတွက် ကိုယ့်ရဲ့အလေးအမြတ်ထားမှုနဲ့ နွေးထွေးမှုတွေကို အကောင်းဆုံး ကိုယ်စားပြုပေးမှာကတော့ မယ်ခွေတို့ရဲ့ Burmade Art Space က ဖန်တီးထားတဲ့ "ချစ်သက်လက်ဆောင်" Valentine's Gift Set လေးပါပဲ။

တည်တံ့ခိုင်မြဲတဲ့ သမိုင်းကြောင်းနဲ့အတူ မြန်မာ့ရိုးရာလက်မှုအနုပညာဖြစ်တဲ့ ပန်းယွန်းပညာနဲ့ ဖန်တီးထားတဲ့ ချစ်သက်လက်ဆောင် Valentine's Gift Set လေးဟာ ချစ်သူတို့အတွက်တော့ အမြဲတမ်းအမှတ်ရစေမယ့် အခိုက်အတန့်လေးတွေကို ယူဆောင်လာပေးမှာပါနော်။ Burmade Art Space မှ ကျွမ်းကျင်ယွန်းပညာရှင်တွေရဲ့
ရိုးရာကိုလည်း မပယ်.. ခေတ်သစ်ရဲ့ နုပျိုဆန်းသစ်ခြင်းတွေကိုလည်း အချိုးကျကျ ပေါင်းစပ်ဖွဲ့တည်ထားတဲ့ မတူကွဲပြားသော အနုစိတ်လက်ရာတွေကို ချစ်သက်လက်ဆောင် ယွန်းထည်တစ်ခုစီတိုင်းမှာ တွေ့မြင်နိုင်ပါလိမ့်မယ်။

ဒီ Gift Set လေးကို Gift for Him နဲ့ Gift for Her ဆိုပြီး ချစ်သူမောင်နှံတို့အတွက် Limited edition အနေနဲ့ထုတ်လုပ်ထားပါတယ်။ ယေဘုယျအားဖြင့် နှစ်မျိုးလုံးမှာ ယွန်းဘူးအကြီး ၊ ယွန်းဘူးအသေး၊ ယွန်းလက်ကောက်၊ ယွန်းဗန်း တွေပါဝင်ပြီး ပျို့မောင်ကြီးတွေအတွက် လက်ဆောင်ကိုတော့ ယွန်းမီးခြစ်နဲ့ ယွန်းပြာခွက်အဝိုင်းလေးနဲ့ ပျိုမေတို့အတွက်ကတော့ မရှိမဖြစ်တဲ့ ယွန်းဘီးလေးနဲ့ ယွန်းကြည့်မှန်လေးကို ထည့်သွင်းပေးထားပါတယ်။ ဒါအပြင် မယ်ခွေတို့ရဲ့ အသစ်စက်စက် ထုတ်ကုန်ဖြစ်လာမယ့် ရိုးရာဆေးပေါ့လိပ်အသစ်တစ်မျိုးကိုလည်း မယ်ခွေချစ်သူတွေ ဦးဦးဖျားဖျားအရသာခံနိုင်ဖို့ Surprise ထည့်ပေးထားဦးမှာလေ..။

ချစ်သက်လက်ဆောင် Valentine's Gift Set လေးရဲ့ ယွန်းထည်တွေထည့်ထားမယ့် ယွန်းဘူးအကြီးကတော့ ပုံထဲကအတိုင်း ဒီဇိုင်းတစ်မျိုးတည်းဖြစ်ပေမယ့် အထဲမှာပါမယ့် ယွန်းထည်တွေကတော့ မတူတဲ့ အဆင်ဒီဇိုင်းတွေထည့်ပေးထားမှာပါ။ ဒီလိုမှမဟုတ်ပဲ Order မှာယူတဲ့အခါ Messenger မှာ ကိုယ်နှစ်သက်ရာ ဒီဇိုင်ကို ရွေးချယ်ချင်တယ်ဆိုရင်လည်း ရပါသေးတယ်နော်။

ကိုယ့်ချစ်သူလေးအတွက် တသီးတသန့်ရည်ရွယ်ပြီး ယွန်းပြားလေးမှာ နာမည်လေးပါ ထိုးပေးချင်သူတွေကတော့ ဖေဖေါ်ဝါရီ (၅)ရက်နေ့ နောက်ဆုံးထားပြီး မှာယူပေးရမှာပါ။ နာမည်မထိုးတော့ဘူးဆိုရင်တော့ ဖေဖော်ဝါရီ (၁၀)ရက်နေ့အထိ မှာယူလို့ရပါတယ်ရှင့်။ အရေအတွက် အကန့်အသတ်ရှိတာကြောင့် အမြန်ဆုံးမှာယူထားဖို့တော့ လိုပါမယ်နော်။

အချစ်စစ်အချစ်မှန်ဆိုတာ အချိန်တွေဘယ်လိုပြောင်းပြောင်း မပြောင်းလဲသွားသလိုပဲ အချိန်ယူပြီး တစ်ခုစီ၊ တစ်ဆင့်စီ၊ တစ်လိုင်းစီကို လက်မှုပညာနဲ့ အသေးစိပ် ဖန်တီးယူရတဲ့ ယွန်းထည်လေးတွေဟာလည်း အချိန်ကြာလေ ပိုပြီးတန်ဖိုးရှိလေမို့ ကိုယ့်ရဲ့အချစ်ကို အပြည့်ဝဆုံးဖေါ်ပြပေးနိုင်ဖို့ ချစ်သက်လက်ဆောင်လေးကို ဒီနှစ် Valentine's Day အတွက် ရွေးချယ်လိုက်ကြစို့နော်.. 🖤

#ချစ်သက်လက်ဆောင်

မယ်ခွေရဲ့ ချစ်သက်လက်ဆောင် Give Away အစီအစဉ်လေးမှ ကံထူးရှင်များ ထွက်ပေါ်လို့လာပါပြီရှင့် ✨ဒီအစီအစဉ်လေးကိုပါဝင်ပေးခဲ့ကြတဲ့...
24/01/2025

မယ်ခွေရဲ့ ချစ်သက်လက်ဆောင် Give Away အစီအစဉ်လေးမှ ကံထူးရှင်များ ထွက်ပေါ်လို့လာပါပြီရှင့် ✨

ဒီအစီအစဉ်လေးကိုပါဝင်ပေးခဲ့ကြတဲ့ မယ်ခွေချစ်သူတစ်ဦးတစ်ယောက်စီတိုင်းကို ကျေးဇူးတင်ကြောင်းဦးစွာပြောကြားလိုပါတယ်.. ဒီတစ်ကြိမ်မှာ ကံမထူးခဲ့ကြသူတွေလည်း စိတ်မပျက်သွားပဲ..မယ်ခွေတို့ ထပ်ပြီးတင်ဆက်သွားမယ့် အစီအစဉ်တွေမှာ ဆက်လက်ပါဝင်ပေးကြပါဦးနော်။

စည်းကမ်းချက်တွေနဲ့အညီပါဝင်ကြပြီး ကံထူးသွားကြသူတွေကတော့..
1. Sãw Wäñâ
2. Thar Gyi
3. Satt Paing
4. HnŁn Mĝ
5. R Thar Wadi
6. Win Win Myint
7. Thar Oo
8. Nay Thway Zet
9. Poe Phyu Ma
10. Ko Naung
တို့ပဲဖြစ်ပါတယ်နော်။

တကယ်လို့ အခုအစီအစဥ်ရဲ့ ချစ်သက်လက်ဆောင် ပစ္စည်းလေးတွေဖြစ်တဲ့ ယွန်းမီးခြစ်နဲ့ယွန်းပြာခွက်လေးတွေကို သီးသန့်ဝယ်ယူချင်ကြတယ်၊ ပြန်လည်ရောင်းချချင်ကြတယ်ဆိုရင်လည်း မယ်ခွေရဲ့ Chat box လေးဆီလှမ်းလာပြီး မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင့်။

ကဲ.. ကံထူးရှင် မယ်ခွေချစ်သူတွေကို Congratulations လုပ်ရင်းနဲ့ လက်ဆောင်တွေရယူဖို့ ဒီလကုန်နောက်ဆုံးထားပြီး ဆက်သွယ်ပေးကြပါဦး.. ပိုမိုထူးခြားတဲ့အစီအစဉ်တွေကို စောင့်မျှော်ပေးကြပါဦးလို့... 😘🖤

#မယ်ခွေ
#ချစ်သက်လက်ဆောင်

#ယွန်းပြာခွက်
#ယွန်းမီးခြစ်

မယ်ခွေရဲ့ ယွန်းမီးခြစ်နဲ့ယွန်းပြာခွက် Give Away အစီအစဉ်လေးက ဒီနေ့တစ်ရက်ပဲကျန်တော့တာမို့ အမြန်ဆုံးပါဝင်ပြီး ချစ်သက်လက်ဆော...
23/01/2025

မယ်ခွေရဲ့ ယွန်းမီးခြစ်နဲ့ယွန်းပြာခွက် Give Away အစီအစဉ်လေးက ဒီနေ့တစ်ရက်ပဲကျန်တော့တာမို့ အမြန်ဆုံးပါဝင်ပြီး ချစ်သက်လက်ဆောင်လေးတွေ ရယူလိုက်ကြစို့နော် 🖤

✨မယ်ခွေချစ်သူများတွက်.. ချစ်သက်လက်ဆောင်ပေးမယ့် ယွန်းမီးခြစ်နဲ့ ယွန်းပြာခွက်✨

မယ်ခွေချစ်သူတွေကို ချစ်သက်လက်ဆောင်လေးတွေလည်း မပေးဖြစ်တာကြာခဲ့ပြီဆိုတော့ နှစ်သစ်ရဲ့ ပထမဆုံးလလေးမှာ ယွန်းမီးခြစ်နဲ့ ယွန်းပြာခွက်လေးကို Give Away ပေးရင်း မယ်ခွေတို့ကြားက ‌အနွေးဓာတ်လေးတွေကို ပြန်နွှေးလိုက်ချင်ပါတယ်ရှင့်.. 😘

မယ်ခွေတို့နဲ့ မိခင်ကုမ္မဏီတစ်ခုတည်းဖြစ်တဲ့ Burmade Art Space (BAS) က ဖန်တီးထုတ်လုပ်ထားတဲ့ ယွန်းမီးခြစ်နဲ့ ယွန်းပြာခွက်လှလှလေးကို လက်ဆောင်ရယူဖို့အတွက် ရှင်တို့လေးတွေ လုပ်ဆောင်ပေးရမှာတွေကတော့..

✴️ ဒီပို့စ်လေးကို Public option နဲ့ Like & Share လုပ်ပေးရပါမယ်။
✴️ Share တဲ့အခါ Caption မှာ #မယ်ခွေ #ချစ်သက်လက်ဆောင် #ယွန်းမီးခြစ် #ယွန်းပြာခွက် ဆိုတဲ့ Hashtag စာတွေနဲ့အတူ ကိုယ့်ရဲ့ သူငယ်ချင်း(၃)ယောက်ကိုပါ Mention ခေါ်ပြီး Share ပေးရပါမယ်။
✴️ ပြီးတော့ ဒီပိုစ့်မှာ Tage တွဲထားတဲ့ Burmade Page ကိုလည်း Like လုပ်ထားဖို့လိုပါမယ်ရှင့်။
https://www.facebook.com/Burmadeart/
https://www.instagram.com/burmade_arts/
❤️ပြီးရင်တော့ screenshot လေးကို မူရင်း Post အောက်မှာ မန့်ပေးရမှာ ဖြစ်ပါတယ်ရှင့်❤️

စည်းကမ်းချက်တွေနဲ့အညီ ဒီ Give Away အစီအစဉ်လေးမှာ ပါဝင်သူတွေထဲက (၁၀)ယောက်ကို မဲနှိုက်ရွေးချယ်ပြီး ယွန်းမီးခြစ်နဲ့ ယွန်းပြာခွက် တစ်စုံစီကို လက်ဆောင်ချီးမြှင့်ပေးသွားမှာပါ။ ပါဝင်နိုင်မယ့်အချိန်ကာလလေးကတော့ အခုအချိန်ကနေ ဇန်နဝါရီ(၂၃) ရက်နေ့အထိပဲမလို့ အမြန်ဆုံးပါဝင်ပြီး မယ်ခွေရဲ့ချစ်သက်လက်ဆောင်လေးကို အမိအရ ရယူလိုက်ကြမယ်နော်.. 🖤

#မယ်ခွေ #ချစ်သက်လက်ဆောင် #ယွန်းမီးခြစ် #ယွန်းပြာခွက်

✨မယ်ခွေချစ်သူများတွက်.. ချစ်သက်လက်ဆောင်ပေးမယ့် ယွန်းမီးခြစ်နဲ့ ယွန်းပြာခွက်✨မယ်ခွေချစ်သူတွေကို ချစ်သက်လက်ဆောင်လေးတွေလည်း...
18/01/2025

✨မယ်ခွေချစ်သူများတွက်.. ချစ်သက်လက်ဆောင်ပေးမယ့် ယွန်းမီးခြစ်နဲ့ ယွန်းပြာခွက်✨

မယ်ခွေချစ်သူတွေကို ချစ်သက်လက်ဆောင်လေးတွေလည်း မပေးဖြစ်တာကြာခဲ့ပြီဆိုတော့ နှစ်သစ်ရဲ့ ပထမဆုံးလလေးမှာ ယွန်းမီးခြစ်နဲ့ ယွန်းပြာခွက်လေးကို Give Away ပေးရင်း မယ်ခွေတို့ကြားက ‌အနွေးဓာတ်လေးတွေကို ပြန်နွှေးလိုက်ချင်ပါတယ်ရှင့်.. 😘

မယ်ခွေတို့နဲ့ မိခင်ကုမ္မဏီတစ်ခုတည်းဖြစ်တဲ့ Burmade Art Space (BAS) က ဖန်တီးထုတ်လုပ်ထားတဲ့ ယွန်းမီးခြစ်နဲ့ ယွန်းပြာခွက်လှလှလေးကို လက်ဆောင်ရယူဖို့အတွက် ရှင်တို့လေးတွေ လုပ်ဆောင်ပေးရမှာတွေကတော့..

✴️ ဒီပို့စ်လေးကို Public option နဲ့ Like & Share လုပ်ပေးရပါမယ်။
✴️ Share တဲ့အခါ Caption မှာ #မယ်ခွေ #ချစ်သက်လက်ဆောင် #ယွန်းမီးခြစ် #ယွန်းပြာခွက် ဆိုတဲ့ Hashtag စာတွေနဲ့အတူ ကိုယ့်ရဲ့ သူငယ်ချင်း(၃)ယောက်ကိုပါ Mention ခေါ်ပြီး Share ပေးရပါမယ်။
✴️ ပြီးတော့ ဒီပိုစ့်မှာ Tage တွဲထားတဲ့ Burmade Page ကိုလည်း Like လုပ်ထားဖို့လိုပါမယ်ရှင့်။
https://www.facebook.com/Burmadeart/
https://www.instagram.com/burmade_arts/
❤️ပြီးရင်တော့ screenshot လေးကို မူရင်း Post အောက်မှာ မန့်ပေးရမှာ ဖြစ်ပါတယ်ရှင့်❤️

စည်းကမ်းချက်တွေနဲ့အညီ ဒီ Give Away အစီအစဉ်လေးမှာ ပါဝင်သူတွေထဲက (၁၀)ယောက်ကို မဲနှိုက်ရွေးချယ်ပြီး ယွန်းမီးခြစ်နဲ့ ယွန်းပြာခွက် တစ်စုံစီကို လက်ဆောင်ချီးမြှင့်ပေးသွားမှာပါ။ ပါဝင်နိုင်မယ့်အချိန်ကာလလေးကတော့ အခုအချိန်ကနေ ဇန်နဝါရီ(၂၃) ရက်နေ့အထိပဲမလို့ အမြန်ဆုံးပါဝင်ပြီး မယ်ခွေရဲ့ချစ်သက်လက်ဆောင်လေးကို အမိအရ ရယူလိုက်ကြမယ်နော်.. 🖤

#မယ်ခွေ #ချစ်သက်လက်ဆောင် #ယွန်းမီးခြစ် #ယွန်းပြာခွက်

Address


Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 08:00 - 17:00
Sunday 08:00 - 17:00

Telephone

+959750152655

Website

Alerts

Be the first to know and let us send you an email when Mae Khwae - မယ်ခွေ ချစ်သက် လက်ဆောင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mae Khwae - မယ်ခွေ ချစ်သက် လက်ဆောင်:

Shortcuts

  • Address
  • Telephone
  • Opening Hours
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Convenience Store?

Share

မယ်ခွေ ချစ်သက်လက်ဆောင်

သနပ်ဖက်ရဲ့လက်ဆက်သော သဘာဝနံ့၊ ချိုဆိမ့်ပြင်းမွှေးသော ရိုးရာ ဆေးစပ်အရသာ၊ နူးညံ့သော သဘာဝပြောင်းဖူး အစီခံလုံး၊ အလိပ်သူလေးများရဲ့ လက်မှုအနုပညာ စေတနာတို့ဖြင့် ပေါင်းစည်းထားသော မယ်ခွေ ရိုးရာဆေးပေါ့လိပ်