4D Bottle Shop

4D Bottle Shop The online bottle shop is powered by Htun Htun Oo Liquor Store, price, authenticity, customer satisfaction 100% Grantee.

Best value for money. I mean it.
08/05/2025

Best value for money. I mean it.

📌 ဖန်ခွက်ချင်းတိုက်ပြီး "Cheers" လုပ်တဲ့ဓလေ့က ဘယ်က စခဲ့တာလဲ? ယနေ့ခေတ်မှာ ပျော်ရွှင်မှု၊ ယုံကြည်မှု၊ ချီးမြှောက်မှု တို့က...
20/03/2025

📌 ဖန်ခွက်ချင်းတိုက်ပြီး "Cheers" လုပ်တဲ့ဓလေ့က ဘယ်က စခဲ့တာလဲ?

ယနေ့ခေတ်မှာ ပျော်ရွှင်မှု၊ ယုံကြည်မှု၊ ချီးမြှောက်မှု တို့ကို ပြသဖို့ ဖန်ခွက်ချင်းတိုက်ပြီး "Cheers!" လုပ်တာဟာ လူတိုင်းသိကြတဲ့ဓလေ့တစ်ခုဖြစ်ပါတယ်။

📜 ဒီဓလေ့ကတော့ ဂျာမနီမှာ စတင်ခဲ့တာဖြစ်တယ်။

ရှေးက ဂျာမန်ဘုရင်များ၊ မင်းသားများ အကြား အဆိပ်ဖြင့် လျှို့ဝှက်သတ်ဖြတ်မှုများ ပေါင်းများစွာဖြစ်ခဲ့တဲ့ သာဓကတွေရှိ။

ဒါကြောင့် အချင်းချင်း ယုံကြည်မှုရှိကြောင်း သက်သေပြဖို့ ဖန်ခွက်တိုက်ပြီး အချင်းချင်းရည်ညွှန်း (toasting) လုပ်ခဲ့ရာကစခဲ့တာပါ။

အထူးသဖြင့် ခွက်တိုက်တဲ့အခါမှာမှာ ဖန်ခွက်တွေ အချင်းချင်း အရည်နည်းနည်းဖိတ်စင်အောင်လုပ်ခဲ့ကြတာပြီး "သင့်မှာ အဆိပ်မရှိရင် ကျွန်ုပ်မှာလည်း မရှိဘူး" ဆိုတာကို ပြသဖို့ပါ။

🔹 ယနေ့ခေတ်မှာတော့...

ယခင်ကလို အဆိပ်ပါမပါစမ်းဖို့ မလိုတော့ပေမယ့်, "Cheers!" လုပ်တာဟာ မိတ်ဆွေတွေနဲ့ ပျော်ရွှင်မှုမျှဝေခြင်း ဖြစ်လာပါတယ်။

မင်္ဂလာပွဲတွေ၊ စီးပွားရေးညှိနှိုင်းမှုတွေ၊ ပျော်ရွှင်မှု အခမ်းအနားတွေ မှာ လူတိုင်းလိုက်လုပ်လာကြပါတယ်။

📌 "ဂျာမန်ဘုရင်တွေက အဆိပ်မထည့်တာ သက်သေပြဖို့ စခဲ့တဲ့ဓလေ့က ယနေ့မှာတော့ ပျော်စရာ Cheers! လုပ်ဖို့ ပြောင်းသွားပါပြီ😂🍻"

🥃ဘာ့ကြောင့် အရက်စည် (Cask)တွေလုပ်တဲ့နေရာမှာ Oak ကိုသုံးကြတာလဲ? ကျွန်းလို တခြားသစ်မာတွေ မသုံးကြတာလဲ?ဝီစကီ၊ ကော့ညက်၊ ဝိုင်...
26/02/2025

🥃ဘာ့ကြောင့် အရက်စည် (Cask)တွေလုပ်တဲ့နေရာမှာ Oak ကိုသုံးကြတာလဲ? ကျွန်းလို တခြားသစ်မာတွေ မသုံးကြတာလဲ?

ဝီစကီ၊ ကော့ညက်၊ ဝိုင် တွေကို နှစ်ချို့ (aging) ခံတဲ့အခါ Oak စည်နဲ့ဘဲလုပ်ကြတယ် တခြာသစ်မာ (ကျွန်း၊ ပျဉ်းကတိုး၊ ဝက်သစ်ချ) တွေနဲ့လုပ်လိုမရဘူးလား? လေ့လာကြည်ဘရအောင်

၁။ Oak နဲ့ ကျွန်း (သစ်သားဖွဲ့စည်းမှုနဲ့ ပြုပြင်နိုင်မှု)
- Oak ကသစ်မာပေမယ့် လိုတဲ့ပုံသွင်းလို့ရတယ် မအက်ကွဲဘူး ပြီးတော့ လေဝင်လေထွက်ကောင်းတယ်
- ကျွန်းကမာပြီး Oak ထက်သိပ်သည်းတယ် Oak လို လိုသလို ပုံသွင်းရခက်တယ် အက်တယ်ကွဲတယ် မလုံဘူး ဆိုးတာက သူ့မှာအဆီ တမျိုးပါတယ်

၂။ အရက်နဲ့ သဟဇာတဖြစ်မှု (Interaction with Sprits)
- အရက် နှစ်ချို့ထားတဲ့အခါ မရှိမဖြစ် လေဝင်လေထွက် (oxidation process) oak မှာကောင်းမွန်သင့်တော်တယ် အဲ့ဒါကြောင့် အရက်ရဲ့ အရသာ၊ အရည်အသွေးကိုတက်စေတာဖြသ်တယ် အဲ့ဒါကို နတ်ဒေဝါများ ပေးသောအရသာ (Angle Sharing) လို့ခေါ်တယ်
- ကျွန်မှာကတော့ သူရဲ့သိတ်သည်းမှု၊ အဆီပါဝင်မှုတို့ကြောင့် Angle Sharing မဖြစ်တဲ့အတွက် အရက်ရဲ့အရည်အသွေးကို ကောင်းမလာစေဘူးလိာ့ဆိုပါတယ်။

၃။ အရသာ ပေးစွမ်းနိုင်မှု (Flavor Contribution)
- Oak ဟာ အရက်မှာမရှိမဖြစ်ပါဝင်‌ေပါင်းစပ်ရန်လိုအပ်တဲ့ အရသာတွေဖြစ်တဲ့ vanilla, caramel, spice and toasty notes တွေကိုရရှိစေတယ်
- ကျွန်းကတော့ အခုဖေါ်ပြခဲ့တဲ့ အရသာတွေကို မပေးစွမ်းနိုင်တဲ့အပြင် သူမှာပါတဲ့ ဆီကြောင့် အရက်မှာ မြေကြီးနံ၊ ရာဘာညော်နံလိုလို ဆေးနံ့လိုလို ဖြစ်

၄။ ခိုင်ခံ့ အသုံးဝင်မှု (Durability and Practicality)
- Oak စည်တွေဟာ အကြိမ်များစွာပြန်အသုံးပြုနိုင်ပြီး ကုန်ကျစားရိတ်သက်သာ
- ကျွန်းစည်တွေမှာတော့ တာရှည်ခံပေမယ့် လေးလံပြီး လုပ်ကိုင်ရခက်ခဲတဲ့အပြင် ဈေးကြီး

နိဂုံးချုပ်
ကျွန်းဟာ အလွန်ခိုင်ခံပြီး အင်မတန်ကောင်းတဲ့သစ်ပါ ပရိဘောဂ၊ လှေ တို့အတွက်အမင်မတန်ကောင်းမွန်ပေမယ့် အရက်စည် အတွက်တော့ Oak လောက်ကောင်းမွန်တဲ့ အသားမဟုတ်တာကိုတွေ့ရပါတယ်။
မှတ်ချက်။ အောက်မှာ အပူပိုင်းဒေသသစ်မာများနဲ့ oak နှိုင်းယှဉ်ချက် ဖေါ်ပြပေးထားပါတယ်ခင်ဗျား
# oak barrel

🍷ဝိုင်လုပ်ငန်းတွင် အသုံးပြုသည့် စပျစ်မျိုးများနှင့် နာမည်ကျော် ဝိုင်များ 🍇ဝိုင်သည် စပျစ်မျိုးအမျိုးမျိုး မှ ထုတ်လုပ်ကြပြ...
11/02/2025

🍷ဝိုင်လုပ်ငန်းတွင် အသုံးပြုသည့် စပျစ်မျိုးများနှင့် နာမည်ကျော် ဝိုင်များ

🍇ဝိုင်သည် စပျစ်မျိုးအမျိုးမျိုး မှ ထုတ်လုပ်ကြပြီး ထွက်ရှိသော အရသာ၊ မွှေးကြိုင်မှု တို့သည် အသုံးပြုသည့် စပျစ်မျိုးပေါ်မူတည်သည်။ စျေးကွက်တွင် နာမည်ကြီးသော ဝိုင်များ ၏အရသာသည် ထုတ်လုပ်ရာ ဒေသ၊ စပျစ်မျိုး နှင့်ရာသီဥတုတို့နှင့် တိုက်ရိုက်သက်ဆိုင်နေသည်။

အောက်တွင် ဝိုင်လုပ်ငန်းတွင် အသုံးများသည့် စပျစ်မျိုးများနှင့် နာမည်ကျော် ဝိုင်များ ကိုဖော်ပြထားသည်။

၁။ Cabernet Sauvignon (ကာဗာနေး ဆိုဗင်းယွမ်)

• အရသာ - အရသာပြင်းပြင်း နဲ့ ချယ်ရီ အရသာ

• ထုတ်လုပ်ရာဒေသများ - Bordeaux (France), Napa Valley (USA), Chile, Australia

• နာမည်ကျော် ဝိုင်များ

• Château Lafite Rothschild (France – Bordeaux)

• Château Margaux (France – Bordeaux)

• Opus One (USA – Napa Valley)

• Penfolds Bin 707 (Australia)

၂။ Merlot (မဲလို)

• အရသာ - ပျော့ပျောင်း၊ သီးနှံသင်းသင်း ချိုမြိန်အရသာ

• ထုတ်လုပ်ရာဒေသများ - France, USA, Chile, Italy

• နာမည်ကျော် ဝိုင်များ

• Château Pétrus (France – Bordeaux, Pomerol)

• Château Cheval Blanc (France – Bordeaux, Saint-Émilion)

• Duckhorn Vineyards Merlot (USA – Napa Valley)

• Sassicaia (Italy – Super Tuscan Blend)

၃။ Pinot Noir (ပီနော့ နွာ)

• အရသာ - မွှေးကြိုင်ပြီး ချိုမြိန်အရသာ

• ထုတ်လုပ်ရာဒေသများ - Burgundy (France), Oregon (USA), New Zealand

• နာမည်ကျော် ဝိုင်များ

• Domaine de la Romanée-Conti (France – Burgundy)

• Joseph Drouhin (France – Burgundy)

• Williams Selyem Pinot Noir (USA – California)

• Cloudy Bay Pinot Noir (New Zealand)

၄။ Chardonnay (ရှာဒွန်နေး)

• အရသာ - နူးညံပြီး ချယ်ရီသီးနံ့အရသာ

• ထုတ်လုပ်ရာဒေသများ - France (Burgundy), California (USA), Australia

• နာမည်ကျော် ဝိုင်များ

• Montrachet Grand Cru (France – Burgundy)

• Château Montelena Chardonnay (USA – Napa Valley)

• Cloudy Bay Chardonnay (New Zealand)

• Penfolds Yattarna Chardonnay (Australia)

၅။ Sauvignon Blanc (ဆိုဗင်းယွမ် ဘလန့်)

• အရသာ - မွှေးကြိုင်ပြီး ချိုမြိန်အရသာ

• ထုတ်လုပ်ရာဒေသများ - France (Loire Valley), New Zealand, Chile

• နာမည်ကျော် ဝိုင်များ

• Cloudy Bay Sauvignon Blanc (New Zealand – Marlborough)

• Château d’Yquem (France – Sauternes, dessert wine)

• Pascal Jolivet Sancerre (France – Loire Valley)

• Duckhorn Sauvignon Blanc (USA – Napa Valley)

၆။ Riesling (ရီစ်လင်း)

• အရသာ - ချိုမြိန်ပြီး သံဓါတ်ပါတဲ့ မြေသင်းနံ့အရသာ

• ထုတ်လုပ်ရာဒေသများ - Germany, France (Alsace), Australia

• နာမည်ကျော် ဝိုင်များ

• Dr. Loosen Riesling (Germany – Mosel)

• Egon Müller Riesling (Germany – Mosel)

• Trimbach Riesling (France – Alsace)

• Grosset Polish Hill Riesling (Australia)

၇။ Syrah / Shiraz (ဆီရာ / ရှီရာ)

• အရသာ - စူးရှတဲ့ သစ်တော်သီးနံ့၊ ပေါ့ပါးသော အရသာ

• ထုတ်လုပ်ရာဒေသများ - France (Rhône Valley), Australia, USA

• နာမည်ကျော် ဝိုင်များ

• Penfolds Grange (Australia)

• E. Guigal Côte-Rôtie (France – Rhône Valley)

• Chapoutier Ermitage Le Pavillon (France – Rhône Valley)

• Mollydooker The Boxer Shiraz (Australia)

အကျဉ်းချုပ်

စပျစ်မျိုးအစား ဝိုင်အရသာ၊ မွှေးကြိုင်မှု၊ ထုတ်လုပ်နဲ့နှစ် အလိုက်‌ စသည်တို့ပေါ်မူတည်ပြီး တန်ဖိုးများ အလွန်ခြားနားပါသည်။

• အနီရောင်ဝိုင်များ - Cabernet Sauvignon, Merlot, Pinot Noir, Syrah/Shiraz

• အဖြူရောင်ဝိုင်များ - Chardonnay, Sauvignon Blanc, Riesling

စာဖတ်သူတို့လည်း ဒီပို့စ်ကို ဖတ်ပြီး မိမိလိုချင်သောဝိုင်အမျိုးအစားများ ရွေးချယ်နိုင်ကြပါစေ။

Why Do We Say “Whisky on the Rocks”? 🥃 Ever wondered why we say “on the rocks” when ordering a drink with ice? The phras...
11/02/2025

Why Do We Say “Whisky on the Rocks”? 🥃

Ever wondered why we say “on the rocks” when ordering a drink with ice? The phrase has a cool (literally) history!

Long before modern refrigeration, people in colder regions used chilled stones to cool their drinks—without watering them down. These real “rocks” were the original way to enjoy a cold sip! But as ice harvesting became common in the 19th century, bartenders replaced stones with ice cubes, which looked like small rocks. The name stuck, and by the early 20th century, ordering a whisky on the rocks became a bar staple.

Today, some whisky lovers still use whiskey stones (chilled soapstone cubes) for a more traditional twist. But whether you prefer your drink with ice or real rocks, now you know—the phrase comes from a time when people literally drank on the rocks!

🥃 Would you try whisky with actual stones? Or is ice your go-to? Let us know in the comments!

Address

33, Thitsar Road
Yangon

Opening Hours

Monday 11:00 - 20:30
Tuesday 11:00 - 20:30
Wednesday 11:00 - 20:30
Thursday 11:00 - 20:30
Friday 11:00 - 20:30
Saturday 11:00 - 20:30

Telephone

+959950387705

Website

Alerts

Be the first to know and let us send you an email when 4D Bottle Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share