Mya Nann San Constructionists

Mya Nann San Constructionists Steel Structure & Decoration
Convenience Store
Cb bank Mobile Banking
Construction

17/06/2023
17/06/2023
17/06/2023
မြေဧက တွက်နည်းမြေဧက ဘယ်လိုတွက်ရသလဲ ခဏခဏ မေးလာလို့ အတတ်နိုင်ဆုံး ရှင်းလင်းအောင် တွက်နည်းကို ဖော်ပြလိုက်ပါတယ်။ မိမိမြေကွက်...
17/06/2023

မြေဧက တွက်နည်း

မြေဧက ဘယ်လိုတွက်ရသလဲ ခဏခဏ မေးလာလို့ အတတ်နိုင်ဆုံး ရှင်းလင်းအောင် တွက်နည်းကို ဖော်ပြလိုက်ပါတယ်။ မိမိမြေကွက်ရဲ့ ပုံသဏ္ဍန်ကိုကြည့်ပြီး ဧက တွက်နိုင်ပါတယ်။

၁။ လေးနားညီ စတုရန်းပုံစံ ဖြစ်ပါက
၂၀၈.၇၁' × ၂၀၈.၇၁' = ၄၃၅၅၉.၈၆ = ၁ ဧက
ဥပမာ ~~~~
၁၀၀ ပေ ပတ်လည်အကွက် ဖြစ်လျင်
၁၀၀' × ၁၀၀' ÷ ၄၃၅၆၀=၀. ၂၂၉ ဧက

၂။ နှစ်နားညီ စတုဂံပုံစံ ဖြစ်လျှင်
(လ x န)' ÷ ၄၃၅၆၀ = __ဧက
ဥပမာ ~~~~
(၄၀'×၆၀')÷၄၃၅၆၀ = ၀.၀၅၅ ဧက
(၆၀'×၈၀')÷၄၃၅၆၀ = ၀.၁၁ ဧက
(၆၀'×၁၀၀')÷၄၃၅၆၀ = ၀.၁၃၇ ဧက
(၈၀'×၁၀၀')÷၄၃၅၆၀ = ၀.၁၈၃၆ ဧက
(၁၀၀'×၁၀၀')÷၄၃၅၆၀ = ၀. ၂၂၉ ဧက

၃။ နှစ်နားပြိုင် တြာဗီဇီယံပုံစံ ဖြစ်ပါက
ပြိုင်နားနှစ်ခုပေါင်း ÷ ၂ x နံ ÷ ၄၃၅၆၀ = ဧက
ဥပမာ ~~~~
[{(၅၀+၈၀)÷၂}×၆၀]÷၄၃၅၆၀ = ၀.၀၈၉ ဧက

၄။ တြိဂံပုံစံဖြစ်လျင်၅ x အခြေ x အမြင့် ÷ ၄၃၅၆၀ = ဧက
½ အခြေ x အမြင့် ÷ ၄၃၅၆၀ = ဧက
ဥပမာ ~~~~၅ × ၁၀၀' × ၅၀' ÷ ၄၃၅၆၀ = ၀.၀၅၇ ဧက

၅။ ထောင့်မှန် တြိဂံပုံစံဖြစ်လျှင်
အခြေ x အမြင့် = ရလာဒ် ÷ ၂ ÷ ၄၃၅၆၀
ဥပမာ ~~~~
၁၀၀' × ၅၀' = ၅၀၀၀'
၅၀၀၀ ÷ ၂ ÷ ၄၃၅၆၀ = ၀.၀၅၇ ဧက

၆။ စက်ဝိုင်းပုံစံဖြစ်လျှင်
အချင်းဝက် x အချင်းဝက် x ပိုင်ကိန်း ÷ ၄၃၅၆၀ = ဧက ဖြစ်သည်။ ထို့ကြောင့်
အချင်း x အချင်း x .၇၈၅၄ ÷ ၄၃၅၆၀ = ဧက (ပုံသေမြှောက်ကိန်း .၇၈၅၄)
(.၇၈၅၄ သည် ပိုင်ကိန်း ၃.၁၄၁၆ ကို အနားလေးဖက် ၄ နှင့်စားပြီး စတုရန်းကွက်ဖေါ်ခြင်းဖြစ်သည်)
ဥပမာ ~~~~
၅၀' × ၅၀' × .၇၈၅၄ ÷ ၄၃၅၆၀ = ၀.၀၄၅ ဧက

၇။ အနား ၅ မျက်နှာ ၆ မျက်နှာနှင့် အနားများစွာပါသော ပုံစံဖြစ်လျှင် စတုဂံ စတုရန်း တြိဂံစသည် အကွက်စိပ်ပြီးတွက်၊ ရလာဒ်အားလုံးကိုပေါင်း၍ ၄၃၅၆၀ ဖြင့်စား။

၁ ဧက = ၄၃၅၆၀ စတုရန်းပေ ဖြစ်ပါသည်။

အညွှန်း....
လ = အလျား
န= အနံ
' = ပေ
(မျိုးမင်းထွန်း)
credit to copy

01/06/2023
12/05/2023
09/04/2023
* မြန်မာလူမျိုး​တွေအားနည်းတာ Responsibility တာဝန်ယူလိုစိတ်လို့ထင်ပါတယ်။Duty နဲ့ Responsibility ကမတူပါဘူး။ Duty ဆိုတာ ခို...
07/10/2022

* မြန်မာလူမျိုး​တွေအားနည်းတာ Responsibility တာဝန်ယူလိုစိတ်လို့ထင်ပါတယ်။
Duty နဲ့ Responsibility ကမတူပါဘူး။
Duty ဆိုတာ ခိုင်းလို့ or မဖြစ်မ​နေလုပ်ရမှာမလို့လုပ်ရတဲ့သ​ဘောပါ။
မြန်မာလိုတာဝန်​​ပေါ့။မြန်မာ​အများစုက တာဝန်​ကျေရင်ပြီး​​ရောလုပ်တဲ့သ​ဘောမှာရှိပါတယ်။
Responsibility က ကိုယ့်​ရပ်တည်နေရတဲ့အ​ခြေအ​နေ၊ကိုယ်ယူရမယ့်တာဝန်ကို ​ကြေပွန်ချင်စိတ်နဲ့လုပ်တာပါ။တာဝန်ယူမှုတာဝန်ခံမှု Accountability ရှိတာပါ။
အလွယ်​ပြောရင် Duty က ကျွန်စိတ်နဲ့တူပြီး Responsibility က ရင့်ကျက်တဲ့ သခင်စိတ်နဲ့တူပါတယ်။

20222023
11/07/2022

20222023

မိုး လေ လွတ် သွား လို့ တော် သေး
11/07/2022

မိုး လေ
လွတ် သွား လို့ တော် သေး

25/06/2022

" ကွန်ကရစ် ဘယ်လိုဖျော်မလဲ "

ကွန်ကရစ် မဖျော်ခင် သုံးမယ့် သဲ၊ကျောက်၊ရေတွေကို စစ်ရပါ့မယ်။ သဲမှာ နှုန်းပါဝင်မှု့ ရှိနေရင်မသုံးရပါ။ ကျောက်မှာ ဖုန်မှုန့်တွေ များနေရင် ရေဆေးခိုင်းရပါ့မယ်။ကွန်ကရစ်ဖျော်မယ့်ရေကလည်း chemical ဓါတ်တွေ ကင်းရှင်းနေရပါမယ်။ ကြည်လင်သန့်ရှင်းရပါမယ်။ (လူသောက်လို့ရနိုင်တဲ့ ရေနဲ့ ဖျော်နိုင်ရင် အကောင်းဆုံးပါ။) တိုင်တွေ၊ဘင့်တွေ၊စလပ်တွေ (structure con:) အတွက် လက်ဖျော် ဖျော်ခြင်းကို လုံးဝ မသုံးရပါဘူးး ။
mixer နဲ့ ဖျော်တဲ့ အချိန် သဲ၊ကျောက်၊ ဘိလပ်မြေတွေ အရင်ထည့် နှံ့အောင်မွှေ ပြီးမှ ရေထည့်ရပါတယ်။ (site တော်တော်များများမှာတော့ ရေအရင်ထည့်ကျပါတယ်)
ရေဘယ်လို ထည့်ရမလဲ။ ကွန်ကရစ်ထဲ ရေပါ၀င်များရင် လုပ်ငန်းခွင်( workability) ကောင်းမယ်။ သို့သော် ခွန်အား( strength) ကျမယ်။ ကွန်ကရစ်ထဲ ရေပါ၀င်မှုနည်းရင် strength ကောင်းမယ်။ သို့သော် သွန်းလောင်းတဲ့ချိန် ကိုင်ရတွယ်ရ သွန်းလောင်းရတာမကောင်းဘူး။ ကန်ထရိုက်တာတွေနဲ့ ကာယလုပ်သားများက မကြိုက်ကြဘူးး။ ဒါကြောင့် strength လည်းကောင်းအောင်၊ workability လည်းအဆင်ပြေအောင်လောက်သာ ရေကိုသုံးသင့်တယ်(site ခေါ် ခပ်ထွေးထွေးလေးပေါ့)။ w/c ratio 0.35 ဆိုတာ ဘိလပ်မြေ ပေါင် 100 တိုင်းမှာ ရေက 35 ပေါင်ထည့်တယ်ဆိုတာကို ပြောတာပါ။ ကွန်ကရစ်ထဲ ရေဘယ်လောက်ရောရမယ်ဆိုတာက သဲနဲ့ကျောက်ရဲ့ ရေပါ၀င်မှုပေါ် အများကြီးမူတည်ပါတယ်။ ဘိလပ်မြေဘယ်လောက်မှာ ရေဘယ်လီတာထည့်ရတယ်ဆိုတာမျိုးအတည်မှတ်လို့ အဆင်မပြေနိုင်ပါ။mixer ထဲရေထည့်ပြီးပြီဆိုတာနဲ့ 2 မိနစ်ထက် ပိုမမွှေသင့်ပါဘူး။ segregation ဖြစ်မှာဆိုးတာကြောင့်ပါ။ ( w/c အဆင်ပြေမပြေ slump test လုပ်ကြည့်ပြီး သိနိုင်တယ်။)
slump test လုပ်တယ်ဆိုတာ ခုဖျော်လိုက်တဲ့ ကွန်ကရစ်ရဲ့ consistency (အမြဲလိုလို တူညီအရာ၊ သတ်မှတ်ချက်) ကို စမ်းတာပါ။ ကွန်ကရစ်လောင်းပြီးနောက်မှ အရည်အသွေးမမှီလို့ ပြန်ပြင်၊ ပြန်ဖြိုရတယ်မဖြစ်အောင် မလောင်းခင် (လောင်းတော့မယ့်ဆဲဆဲ) မှာ ကွန်ကရစ်အရည်အသွေးသိရအောင်လို့ slump test လုပ်လေ့ရှိကြတယ်။ အလားတူဘဲ လောင်းရမယ့် ကွန်ကရစ်ထုထည်များတဲ့ချိန်မှာလည်း တူညီတဲ့ ကွန်ကရစ်အရည်အသွေး တစ်မျိုးတည်းရအောင် (ဖြစ်အောင်)လို့ slump test လုပ်ကြတယ်။Batching plant ကနေ AG မှာတဲ့ချိန်မှာလည်း batching operator ဖျော်တာ မှန်မမှန် (လက်ခံနိုင်မခံနိုင်) slump စမ်းပြီးမှ ငြင်းပယ်၊ လက်ခံကြလေ့ရှိပါတယ်။structure concrete မှန်မမျှ slump test လုပ်ပြီးမှ သုံးလေ့ရှိကြပါတယ်။ recommend ပေးကြပါတယ်။ (နယ်ဘက်တွေမှာ slump test လုပ်လေ့မရှိကြပါဘူး။)(ဒီနေရာမှာ တစ်ခုရှိတာက slump အောင်တိုင်း ကွန်ကရစ်အရည်အသွေးကောင်းတယ်လို့ သတ်မှတ်လို့မရပါ။ လောင်းတဲ့ပေါ်မူတည်ပြီး လောင်းတဲ့ချိန် compaction (ကျစ်လစ်အောင် လုပ်ပေးမပေး၊ vi****or ထိုးပေးမပေး) သေချာလုပ်ပေးမပေးနဲ့ လောင်းပြီးတဲ့ချိန် curing သေချာလုပ်ပေးမပေးပေါ်မူတည်ပြီးလည်း concrete strength ပေါ် အများကြီးသက်ရောက်မှုရှိပါတယ်။)
အရပ်ထဲက ကန်ထရိုပ်တာ တိုက်တွေ slump test မလုပ်ပါဘူးး ။ အဲ့ကြရင် 1:2:4 အချိုးကို ခပ်ထွေးထွေးဖျော်ပါ ။ ရေပါဝင်မှု့ကို ချိန်တွယ်ထားပါ ။ ရေအချိုးကို ပုံမှန်ထည့်ပါ ။ မများသွားရ မနည်းရ ။ လောင်းပြီဆိုတာနဲ့ compaction(သိပ်သည်းမှု) ရအောင် လုပ်ပေးရပါ့မယ်။
compaction (vi****or ထိုးတယ်) လုပ်တယ်ဆိုတာ ကွန်ကရစ်ထဲပါတဲ့ လေကိုထုတ်ပြီး ကွန်ကရစ်သား ကျစ်လစ်သိပ်သည်းအောင်လုပ်တာပါ။compaction သေချာမလုပ်ပေးရင် ကွန်ကရစ်ထဲ void(ပျက်ပြယ်)တာ တွေ honeycomb(ကျောက်ပွင့်) တာ တွေ ဖြစ်ပြီး ကွန်ကရစ် strength ကျပါတယ်။ ပြီးတော့ အဲ့ဒီ void တွေကနေ သံချောင်းတွေရေဒဏ်၊လေဒဏ်ထိပြီး သံချေးတက်လေ့ရှိကြတောင့် ကွန်ကရစ် durability (ကြာရှည်ခံမှု့ကို) အများကြီးထိခိုက်နိုင်ပါတယ်,
ဖျော်ပြီးသား ကွန်ကရစ်ကို 15 မိနစ်နဲ့ မိနစ် 20 ကြား ကုန်အောင် သုံးရပါ့မယ် ။

Credit

𝘾𝙤𝙣𝙨𝙩𝙧𝙪𝙘𝙩𝙞𝙤𝙣 & 𝙃𝙤𝙢𝙚 𝘿𝙚𝙘𝙤𝙧𝙖𝙩𝙞𝙤𝙣 𝙂𝙧𝙤𝙪𝙥

▪️HRB - 400 နဲ့ HRB - 500 ဘာတွေကွားခြားလဲHRB 400 / HRB 500 သံချောင်းHRB-ဆိုသည်မှာ-Hot-rolled ribbed steel barHRB400 သံချ...
12/06/2022

▪️HRB - 400 နဲ့ HRB - 500 ဘာတွေကွားခြားလဲ

HRB 400 / HRB 500 သံချောင်း
HRB-ဆိုသည်မှာ-Hot-rolled ribbed steel bar
HRB400 သံချောင်းတွေကို fy yield strength 75,000 psi ဆိုတာမျိုး ပြောထားတာကို တွေ့ရတယ်။ HRB400 ဆိုတာဟာ standard အရ 400 Mpa ရှိတာမို့ 58015 psi ပေါ့။ ဒါပေမယ့် နောက်ပိုင်း တရုတ်က HRB400E ဆိုတာတွေ ထုတ်ပါတယ်။ earthquake အန္တရာယ်ရှိတဲ့ဒေသတွေမှာ ဆောက်ဖို့ seismic design အတွက်ပါ။

HRB400E မှာပါတဲ့ E ဆိုတာက Earthquake ကို ပြောတာပါ။ အဲဒီ earthquake resistance steel တွေဟာ ပုံမှန် steel တွေထက် ratio အားဖြင့် 1.25~1.3 လောက် yield strength များပါတယ်။
နောက်ပြီး fu tensile strength ကို 85,000 psi လို့ ပြောပါတယ်။ fu ကို ဘာကြောင့် ပြောရလဲ ဆိုတာက fu/fy ratio အတွက်ပါ။

အမှန်တကယ် ပြောရရင် အဆောက်အအုံ collapse ဖြစ်တာက fu ကြောင့်ပါ။ မကျိုးခင် နောက်ဆုံးအနေနှင့် အများဆုံးခံစားသွားရတဲ့ strength မို့ အဲဒီဟာက အရေးကြီးပါတယ်။

stress-strain curve မှာ elastic အနေနှင့် ဖြောင့်ဖြောင့်ကြီးတက်လာရာက yield point မှာ စပြီး plastic ကို ရောက်ပါတယ်။ yield point ကိုရောက်ပြီး strain hardening ဖြစ် ပြန်တက် ပြီးတော့ necking ဖြစ်ရာက ပြန်ကျ နောက်ဆုံး မှာ frature ဖြစ်သွားတာပါ။

အဲဒီ strain hardening နှင့် necking ကြား အမြင့်ဆုံး stress ကို tensile strength လို့ခေါ်ပါတယ်။ elastic နှင့် plastic ကြားက yield strength ကတော့ ကျွန်တော်တို့ design လုပ်နေတဲ့ fy ပေါ့။
သူတို့ပြောတဲ့ fu=85000 psi နှင့် fy=75000 psi ကို fu/fy အချိုးချကြည့်တာမှာ 1.13 လောက်ရပါတယ်။ အဲဒီ fu/fy ratio များလေလေ ductility ကောင်းလေပါပဲ။ နည်းလေ brittle ဖြစ်လေပါပဲ။ seismic design အတွက် steel တွေက ductility ကောင်းရပါမယ်။

ductility ကို elongation နှင့် ပြပါတယ်။ seismic design အတွက် အဲဒီ E သံချောင်းတွေဟာ minimum အားဖြင့် 9% လို့ပြောပါတယ်။ များလေ ကောင်းလေ ပါပဲ။

နောက်ပြီး yield strength နှင့် ductility ဟာ ပြောင်းပြန်အချိုးကျပါတယ်။ ဥပမာအားဖြင့် HRB500 နှင့် HRB400 ဆို HRB400 က ပိုပြီး ductility ဖြစ်ပါတယ်။

အဲဒါကို စိုးရိမ်လို့သူတို့ဆီက seismic design tall building တွေမှာ ultra high strength steel တွေကို မသုံးခိုင်းပါဘူး။ သံချောင်း strength များတိုင်းလဲ မဟုတ်ဘူး ဆိုတာလေးလဲ ရှိပါမယ်။
အဲဒါကြောင့် သူတို့ပြောတဲ့ HRB400 သံချောင်း fy=75000 psi fu= 85000 psi ဆိုတာက E တွေ ဖြစ်ပါမယ်။ မြန်မာနိုင်ငံက seismic zone တွေထဲ ပါလို့ အဲဒီအမျိုးအစား သံချောင်းတွေ တင်သွင်းတာ ဖြစ်ပါမယ်။

သူတို့ဆီမှာလဲ သေသေချာချာ တကယ်ထုတ်လုပ် သုံးစွဲနေကြတာလဲ ပါပါမယ်။ အဆောက်အအုံကို earthquake design တွက်ချက်တည်ဆောက်ရာမှာ အဲဒီ အမျိုးအစား သံချောင်းတွေ သုံးရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် design မှာ HRB400 မို့ fy ကို 400Mpa နှင့်ပဲ တွက်ရမှာပါ။ standard ဟာ standard actual က actual ပါပဲ။

U Win Than
B.E(Civil), Senior License Engineer
Professional Engineer PE (0557)





share လို့ မရလို့
Copy Paste ပါတယ်

🙏🙏🙏မင်္ဂလာပါခင်ဗျာ👉အမိုးဧရိယာ တွက်ချက်ခြင်း Estimate တွေ စတွက်ခါစက ခေါင်မိုးဧရိယာ ကို ခက်ခက် ခဲခဲ စဉ်စားခဲ့ဖူးပါတယ်။  ခေ...
07/06/2022

🙏🙏🙏မင်္ဂလာပါခင်ဗျာ

👉အမိုးဧရိယာ တွက်ချက်ခြင်း Estimate တွေ စတွက်ခါစက ခေါင်မိုးဧရိယာ ကို ခက်ခက် ခဲခဲ စဉ်စားခဲ့ဖူးပါတယ်။ ခေါင်မိုး သိမှ မိုးမယ့် ဧရိယာအမိုးပြား အရေအတွက်၊ အမိုးရိုက်သံ၊ လက်သမား၊ အလုပ်သမား စတာတွေ ကို တွက်ချက်သိရှိနိုင်မှာဖြစ်ပါတယ်။ AutoCAD မှာ ခေါင်မိုး ကို 3D ဆွဲပြီး တကယ့်ကို inclined area ကို AREA command နှင့် တွက် ကြည့်ခဲ့ဖူးတယ် ။ အမှန်က အဲလောက်မလိုပါဘူး။
👉Trigonometry နားလည်ရင် အမိုးမိုးမယ့် ဧရိယာ ကိုလွယ်လွယ် ကူကူ တွက်လို့ ရပါတယ်။
👉အဓိက ကတော့ ခေါင်မိုး ရဲ့ projection area ပါပဲ။ projection area ဆိုတာ က အမိုးအနား တွေ ရေးဆွဲထားတဲ့ မြေကြီ ပေါ်က အတိုင်းအတာဧရိယာပါ။ ရေပြင်ညီ ဧရိယာ‌ပေါ့ ။ ဥပမာအားဖြင့် ပေ ၂၀ ပေ ၃၀ အဆောက် အအုံ အမိုး တွေက ၂ပေဝဲ မယ်ဆို ပါက အမိုးရဲ့ projection area က ၂၄ ပေ × ၃၄ပေ = ၈၁၆ စတုရန်းပေ ပါ။ floor plan ရှိရင် တွက်ချက်ရ လွယ်ကူပါတယ်။
👉ခေါင်မိုးနှင့် ပတ်သက်ပြီး သိသင့်တဲ့ အချက် အလက်တွေက တော့ roof pitch, degree နှင့် slope factor တို့ ဖြစ်ပါတယ်။
roof pitch ဆိုတာက ခေါင်မိုးရဲ့ အစောင်း ကိုပြင်ညီ ၁၂လက်မမှာ အစောင်းဘယ်နှစ်လက်မတက်သွားသလဲဆိုတာ ကို သတ်မှတ်တာပါ။
👉1:12,2:12,3:12,....... စသဖြင့်ပေါ့။ trigonometry အရ ပြင်ညီ အလျားက adjacent နီးစပ်အနား ခေါင် အမြင့် က opposite မျက်နာ ချင်းဆိုင် အနားဖြစ်ပါမယ်။ ကျွန်တော် တို့ အသုံး အများတဲ့ 22.5 degree တို့ 30 degree တို့ဆို တာတွေ က 5:12 နှင့် 7:12 တို့ဖြစ်ပါတယ်။
👉ကျွန်ုတော်တို့ အထက်တန်း ကျောင်း သားဘဝအသေမှတ်ခဲ့ရကြတဲ့ မနီ မနီ ထထ ထထ နီမ နီမ ဆိုတာတွေ OA, OA, HH, HH, AO, AO ဆိုတာ တွေအရ 5:12 ဆိုတာ မျက်နာ ချင်းဆိုင်ထောင့် က ၂၂.၅ ဒီဂရီ လောက် ရပါတယ်။ ထို့ အတူပဲ 7:12 အတွက် calculator မှာ SHIFT >tan-1 နှင့် 7/12 ကိုရှာ လိုက်ရင် ၃၀ ဒီဂရီ လောက် ရပါတယ်။ အဲဒါတွေက ခေါင်မိုးရဲ့ စောင်းထောင့် degree တွေပါ။
👉နောက်တစ်ခုက slope factor ဖြစ် ပါတယ်။ ကျွန်တော် တို့လို့ချင်တာက ခေါင်မိုး အစောင်း ဧရိယာပါ။ trigo အရဆို hypotenuse ထောင့်မှန်ခံ အနား ပါ့။ ထောင့်မှန်ခံအနားကို နီးစပ်အနား နှင့် စားတာက Secant အချိုပါ။ Secant ဆိုတာက Cosine နှင့် reciprocal ဖြစ်ပါတယ် ။
Reciprocal ဆိုတာက ၁ ကို အဲဒီ တန်ဖိုးနှင့် စားတာပါ။
calculator အရ ဆို cosine ရဲ့ reciprocal ရှာရပါတယ်။
👉ရေပြင်အညီ ဘယ်လောက်ရှိရင် ခေါင်မိုးစောင်း ဘယ်လောက်ရှိသလဲဆိုတဲ့ မြောက်ဖော်ကိန်း ကို slope factor လိုခေါ်ပါတယ်။ secant တန်ဖိုးပေါ့။
ဥပမာ အားဖြင့် ခေါင်မိုး အစောင်း ၃၀ ဒီဂရီ မှာ ခုနကပြောတဲ့ roof projection area 816 sq.ft ရှိတယ်ဆိုပါစို့။ cos 30 က 0.866ဖြစ်ပါတယ်။ secant 30 လိုချင်ရင်တော့ cos 30 ရဲ့ reciprocal အပြန် အလှန် ကိန်းက 1.1547 ရပါမယ်။ အဲဒါက 30 degree slope roof ရဲ့ slope factor ပါပဲ။ 818×1.1547=942.2356 sq.ft ဖြစ်ပါမယ်။ ရတဲ့ အမိုးစောင်း ဧရိယာ ကို yellow book မှာ ကြည့်လိုက်ရင် အမိုးပြား အမိုးရိုက်သံ လက်သမား အလုပ်သမား စတာတွေ ရပါမယ် ။
👉ကျွန်တော် တို့ဆီမှာ အသုံးများတဲ့ အမိုးတွေကတော့ gable roof မြင့် မိုရ်ပိတ်ပါတဲ့ ၂ ဖက်ချခေါင်နှင် hip roof လေး ဘက်ချခေါင်တို့ ဖြစ်ပါတယ်။ gable ဖြစ်ဖြစ် hip ဖြစ်ဖြစ် ပုံစံ မတူ ပေမယ့်လဲ ခေါင်းမိုး pitch သို့မဟုတ် degree တူရင် ဧရိယာ အတူတူ ပါပဲ။

🙏Credit: to Sayar U Kyithar Myin

မြေဧကတွက်နည်း*****************၁ ဧက   =   ၂၀၈.၇၁၁  ပေ ×  ၂၀၈.၇၁၁ ပေ၁ ဧက   =   ၄၀၄၇  စတုရန်းမီတာ၁ ဧက   =   ၄၃၅၆၀  စတုရန်းပ...
06/06/2022

မြေဧကတွက်နည်း
*****************
၁ ဧက = ၂၀၈.၇၁၁ ပေ × ၂၀၈.၇၁၁ ပေ
၁ ဧက = ၄၀၄၇ စတုရန်းမီတာ
၁ ဧက = ၄၃၅၆၀ စတုရန်းပေ

၁ ပေ(sqft)= ၀.၀၉၂၉ Square metre
၁ မီတာ = ၃.၂၈၁ ပေ
၁ စတုရန်းမီတာ = ၁၀.၇၆၄ စတုရန်းပေ
၁ ဟက်တာ = ၂.၄၇၁ ဧက

Square feet မှ ဧကပြောင်း
Sqft ÷ 43560= ( ) ဧက
ဥပမာ 20000 Sqft ကိုဧကဖြင့်သိလိုရင်
20000 ÷ 43560 = 0.459 ဧက

ဧကမှ Sqft ပြောင်း
ဧကအကျယ် × 43560 = ( ) Sqft
ဥပမာ 0.5 ဧကကို Sqft ဖြင့်သိလိုရင်
0.5 × 43560 = 21780 Sqft

၁ ဧက = ၄၃၅၆၀ စတုရန်းပေ
၄၃၅၆၀ စတုရန်းပေ ဘယ်ကရလဲ ဆိုတော့
လက်မ (inch), ပေ (feet), ကိုက် (yard), သံကြိုး (Chain), ဖာလုံ (Furlong), မိုင် (Mile) စတဲ့အတိုင်းအတာ ယူနစ်များဟာ Imperial units ဖြစ်ပါတယ်။
၃ ပေ = ၁ ကိုက်
၂၂ ကိုက် = ၁ သံကြိုး = ၆၆ ပေ
၁၀ သံကြိုး = ၁ ဖာလုံ = ၆၆၀ ပေ
၈ ဖာလုံ = ၁ မိုင် = ၅၂၈၀ ပေ
*** ၁ သံကြိုး (အလျှား) × ၁ ဖာလုံ (အနံ) = ၁ ဧက လို့သတ်မှတ်ပါတယ် *** ဒါ့ကြောင့်
၆၆ ပေ × ၆၆၀ ပေ = ၄၃၅၆၀ စတုရန်းပေ ဖြစ်ပါတယ်။ ၁ သံကြိုး အကျယ် နဲ့ ၁ ဖာလုံ အရှည်မြေကွက်ဟာ တစ်ဧက (၄၃၅၆၀ စတုရန်းပေ) ဖြစ်ပါတယ်။

၁ စတုရန်းမိုင် = ၆၄၀ ဧက
၁ စတုရန်းဖာလုံ = ၁၀ ဧက
၄၃၅၆၀ စတုရန်းပေ = ၁ ဧက
၂၀၈.၇၁ ပေ × ၂၀၈.၇၁ ပေ = ၁ ဧက
၂၀၀ ပေ × ၂၀၀ ပေ = ၁ ဧကခန့်
၁၀၀ ပေ × ၁၀၀ပေ = ဧက ၁ မူးခန့်
၅၀ ပေ × ၁၀၀ ပေ = ဧက ၁ မတ်ခန့်
၄၀ ပေ × ၆၀ ပေ = ၀.၀၅၅ ဧက
၂၀ ပေ × ၆၀ ပေ = ၀.၀၂၇၅ ဧက

ရန်ကုန် အောင်မင်္ဂလာ ကားဝင်းမှ ကားဂိတ်ဖုန်းနံပါတ်များ❣(တစ်နေ့ လိုအပ်လာလိမ့်မယ်)သံလွင်°°°°°°°°ရန်ကုန် ၊ ကြို့ပင်ကောက် ၊ ဇ...
06/06/2022

ရန်ကုန် အောင်မင်္ဂလာ ကားဝင်းမှ ကားဂိတ်ဖုန်းနံပါတ်များ❣
(တစ်နေ့ လိုအပ်လာလိမ့်မယ်)

သံလွင်
°°°°°°°°
ရန်ကုန် ၊ ကြို့ပင်ကောက် ၊ ဇီးကုန်း ၊ နတ်တလင်း ၊ ပေါင်းတည်၊ ပုတီးကုန်း ၊ သဲကုန်း ၊ ဆင်မြီးဆွဲ! ပြည် အောင်မင်္ဂလာအဝေးပြေးကွင်း
09 253 771 912 /09425786556/
09792615815 09 962190600

မန်းရွှေပြည်
°°°°°°°°°°°°°
ရန်ကုန် ၊ မန္တလေး ၊ လားရိူး
ရန်ကုန် - အောင်မင်္ဂလာကားဝင်း
၀၁၆၃၆၉၈၂ ၊ ၀၁၆၃၇၁၉၂ ၊ ၀၉၂၀၁၈၉၀၂ ၊ ၀၉၇၃၂၄၂၂၈၇
ရန်ကုန် - အောင်ဆန်းကွင်း
၀၁၂၅၄၄၈၃ ၊ ၀၁၂၅၄၄၈၄ ၊ ၀၁၇၀၉၄၂၀
လားရှိုး - မန်ဆူကားဝင်း
၀၈၂၂၂၃၀၉ ၊ ၀၉၅၂၆၁၆၂၉ ၊ ၀၉၉၇၇၉၂၁၁၆၉
လားရှိုး - နန်းမခေါကားဝင်း
၀၉၉၇၇၉၂၁၁၇၁

နယူးအောင်တံခွန်
°°°°°°°°°°°°°°°°°°°°
(ရန်ကုန်သထုံမော်လမြိုင်မြဝတီ)

(ရန်ကုန်ဘားအံကော့ကရိတ်မြဝတီ)
ရန်ကုန် ☎️09 9800 799 38 ☎️09 673000 837 မြဝတီ ☎️ 09 955 6420 46 မော်လမြိုင်☎️09 6789 30809
အောင်မဂ်လာအဝေးပြေး
(စက်မူ့လမ်း သီရိစံတည်းခိုခန်းအနီး)

မန္တလာမင်း
°°°°°°°°°°°°
ရန်ကုန် (က)၃ ပဝင်းအောင်မဂ်လာအဝေးပြေး
09 5020181 / 09 259354411/09253379954 ကုန်တန်ဆာဌာန 09450066418

ဒုဠဝတီမန်း
°°°°°°°°°°°°
သီပေါ ၊ ကျောက်မဲ ၊ မန္တလေး ၊ မိုးညင်း ၊ မြစ်ကြီးနား
02-61938 , 09 - 6500357 , 02-66073 ,
09 -797380914

ရွှေလီဦး
°°°°°°°°°
ရန်ကုန် ၊ မန္တလေး ၊ လားရှိုး၊ မူဆယ် ၊
09-73026546 , 09-5178883 , 01-637651, 09-6501446 , 082-28120 , 082-52359 , 09-2050104

ရိုးမသစ္စာ
°°°°°°°°°°°
ရန်ကုန် ၊ တောင်ကုတ် ၊ ကျောက်ဖြူ ၊ သံတွဲ ၊ ငပလီ ၊
ရန်ကုန် ၊ စစ်တွေ
ရန်ကုန် - 09-8598252 , 09-448005068
09-5192463
တောင်ကုတ် - 043-60365 , 09-8530339
ကျောက်ဖြူ - 09-73810040 , 094-46484
သံတွဲ - 043-65309 , 09-421730310

မိုးထက်အာကာ
°°°°°°°°°°°°°°°°°
ရန်ကုန် ၊ မန္တလေး ၊ ပြင်ဦးလွင်
ရန်ကုန် - အောင်မင်္ဂလာကားဝင်း
၀၉၄၉၅၇၁၄၁၄ ၊ ၀၉၇၃၀၄၆၃၇၈ ၊ ၀၉၄၉၃၃၁၂၉၂
မန္တလေး - ကျွဲဆည်ကန် ၊ ချမ်းမြရွှေပြည်
၀၉၄၉၂၄၂၇၁၈ ၊ ၀၉၇၃၂၂၈၂၉၈ ၊ ၀၉၇၉၇၄၉၁၄၃၃

ရတနာ
°°°°°°°°
(ရန်ကုန်မော်လမြိုင်မုဒုံသံဖြူဇရပ်ရေး
ကြာအင်းဆိပ်ကြီး )
ရန်ကုန် (အောင်မဂ်လာ)
09 767242237 09 767242238 09750079937
ရန်ကုန် (ဒဂုံဧရာ)
09 750079931 09 767242240

နေကြယ်မင်း
°°°°°°°°°°°°°°
ရန်ကုန် ၊ နေပြည်တော် ၊ တပ်ကုန်း ၊ ရမည်းသင်း ၊ ပျော်ဘွယ်
ပြည်ထောင်စုလမ်းမ ၊ မြို့ဦးစေတီ ၊ မြောက်ဒဂုံ
၀၉၉၉၆၉၇၂၈၁၉၈ ၊ ၀၉၉၉၆၉၇၂၈၁၉၉

ရွှေလားရှိုး
°°°°°°°°°°°°
ရန်ကုန် ၊ လားရှိ ူး
ရန်ကုန် - အောင်မင်္ဂလာကားဝင်း
၀၉၇၃၁၄၆၄၆၇ ၊ ၀၉၇၃၁၄၆၄၆၈ ၊ ၀၉၇၃၁၄၆၄၆၉
လားရှိ ူး - နားမခေါ
၀၉၇၃၂၅၆၉၈၁ ၊ ၀၈၂၃၀၇၇၀ ၊ ၀၉၄၇၃၀၁၈၅၄

ရွှေမန်းသူ
°°°°°°°°°°
ရန်ကုန် ၊ နေပြည်တော် ၊ မန ္တလေး ၊ မုံရွာ ၊ တောင်ကြီး
ပခုက္ကူ ၊ ညောင်ဦး ၊ ကျောက်ပန်းတောင်း ၊ ချောက်
မိတ္ထီလာ ၊ မြင်းခြံ ၊ မကွေး ၊ တောင်ငူ ၊ ဆွာ ၊ ပုသိမ်
မော်လမြိုင် ၊ မုဒုံ ၊ ကျိုက္ခမီ ၊ ရေး
တောင်ဥက္ကလာပ - ၀၉၉၉၆၉၇၂၈၁၉၆ ၊ ၀၉၉၉၆၉၇၂၈၁၉၇

ပုဂံမင်းသား
°°°°°°°°°°°°°
ရန်ကုန် ၊ ကျောက်ပန်းတောင်း ၊ ပုဂံညောင်ဦး ၊ ပခုက္ကူ ၊
တောင်ကြီး
ရန်ကုန် - အောင်မင်္ဂလာကားဝင်း
၀၉၇၃၂၃၈၀၅၇ ၊ ၀၉၅၁၅၈၆၅၀ ၊ ၀၉၇၉၆၆၁၄၉၄၂
ညောင်ဦး - အဝေးပြေးကားဝင်း
၀၆၁၆၀၂၀၂ ၊ ၀၉၄၃၁၂၈၇၁၂
ကျောက်ပန်းတောင်း
၀၉၇၉၅၃၁၄၈၇၉
ပခုက္ကူ - ကားဝင်း
၀၉၂၀၄၂၈၄၈ ၊ ၀၉၄၇၂၀၈၀၈၆
တောင်ကြီး
၀၉၄၂၁၁၄၄၈၉၂ ၊ ၀၈၁၂၅၂၁၂

Elite
°°°°°°°
ပုဂံ ၊ ပခုက္ကူ ၊ မုံရွာ ၊ မန ္တလေး ၊ ပြင်ဦးလွင် ၊ နေပြည်တော် ၊
တောင်ကြီး
Customer service - ၀၉၉၇၇၈၃၈၀၀၁ ~၀၀၃

မြင့်မြန်မာ
°°°°°°°°°°°
ရန်ကုန် ၊ ပုသိမ်
ဒဂုံဧရာအဝေးပြေး(လှိုင်သာယာ)
၀၉၃၁၃၆၀၉၁၈ ၊ ၀၉၇၈၄၅၆၅၂၈၁

နန်းထိုက်တော်ဝင်
°°°°°°°°°°°°°°°°°°°
ရန်ကုန် ၊ နတ်မောက် ၊ ရေနံချောင်း ၊ မကွေး ၊ မင်းဘူး
ပွင့်ဖြူ ၊ စလင်း ၊ ဆင်ဖြူ ကျွန်း
ရန်ကုန် - အောင်မင်္ဂလာကားဝင်း
၀၉၇၃၀၂၀၇၆၇ ၊ ၀၉၇၃၁၈၇၉၆၇ ၊ ၀၉၇၈၂၉၅၈၀၃၇
မကွေး
၀၆၃၂၆၅၇၅ ၊ ၀၉၄၇၂၀၁၁၇၄ ၊ ၀၉၇၉၆၉၁၉၈၉၄
ရေနံချောင်း
၀၉၅၃၄၈၀၈၅ ၊ ၀၉၇၉၆၉၁၉၈၉၅ ၊ ၀၉၉၇၇၉၀၅၇၂၅
မင်းဘူး
၀၉၄၇၂၀၀၄၀၆ ၊ ၀၉၇၉၆၉၁၉၈၉၆ ၊ ၀၉၉၇၇၉၀၅၇၂၆
စလင်း
၀၉၉၇၇၉၀၅၇၂၈

🍋စိန်တစ်လုံး🍋
👇📱📞☎👇

သရက်ဂိတ်
👇👇👇
-06821264
- 09440223164
-09402689911

ရန်ကုန်ဂိတ်
👇👇👇
-092305878
-09258264855

ကံမဂိတ်
👇👇👇
-09401549441

အထက်မင်းလှဂိတ်
👇👇👇
-09962305878
-09264115265

ချမ်းမင်း
°°°°°°°°°°
ကျုံမငေး ၊ ဝါးခယ်မ ၊ ရွှေလောင်း ၊ ရန်ကုန်
ဝါးခယ်မ
၀၉၇၇၄၄၄၄၁၂၈ ၊ ၀၉၉၆၁၉၄၄၁၂၈ ၊ ၀၉၄၉၇၀၃၀၇၇

တောင်ပြာတန်း
°°°°°°°°°°°°°°°°°
ရန်ကုန် ၊ တောင်ကြီး ၊ လားရှိ ုး ၊ မူဆယ်
ရန်ကုန် - အောင်မင်္ဂလာကားဝင်း
၀၉၄၂၀၂၀၃၀၄၀ ၊ ၀၉၃၃၄၂၇၇၀၇ ၊ ၀၉၇၉၆၅၃၇၄၁၀
ရန်ကုန် - အောင်ဆန်းကွင်း
၀၉၂၅၁၀၁၈၆၇၁ ၊ ၀၉၄၂၀၂၂၂၃၂၃
တောင်ကြီး
၀၈၁၂၀၂၀၅၈ ၊ ၀၈၁၂၁၂၃၁၆ ၊ ၀၈၁၂၁၂၂၈၅၆
တောင်ကြီး - အေးသာယာကားဝင်း
၀၉၂၆၀၄၇၉၃၇၂
လားရှိ ုး - နားမခေါ်
၀၉၃၁၃၆၄၀၄၈ ၊ ၀၈၂၂၈၁၃၂
မူဆယ်
၀၉၄၂၈၁၈၃၇၇၇ ၊ ၀၉၄၅၈၀၄၀၄၁၂ ၊ ၀၉၂၅၄၁၀၂၄၉၁
သိန်းသန်းချီကားဝင်း
၀၆၉၂၂၂၂၂၃၆ ၊ ၀၆၉၂၁၅၇၅၈၉၈၁၈၄၀

သစ္စာဦး
°°°°°°°°
ရန်ကုန် ၊ တောင်ကြီး ၊ မုံရွာ ၊ ရေဦး ၊ တန့်ဆည်
ရန်ကုန် - အောင်မင်္ဂလာကားဝင်း
၀၉၇၃၂၅၂၉၈၄ ၊ ၀၉၇၃၂၅၂၉၈၅ ၊ ၀၉၄၂၀၀၃၂၂၁၂
တောင်ကြီး
၀၉၄၂၈၃၁၄၆၁၂ ၊ ၀၉၄၉၂၂၄၈၀၆ ၊ ၀၉၇၃၂၅၂၉၈၆
မုံရွာ
၀၉၄၅၀၅၄၅၇၁၁ ၊ ၀၉၇၇၇၅၁၀၉၁၁
ရေဦး
၀၉၄၅၀၅၄၅၇၂၂ ၊ ၀၉၇၇၇၅၁၀၉၂၂
တန့်ဆည်
၀၉၄၅၀၅၄၅၇၃၃ ၊ ၀၉၇၇၇၅၁၀၉၃၃

ဝေဖြိုးအောင်
°°°°°°°°°°°°°°°
ရန်ကုန် ၊ တောင်ကြီး ၊ မကွေး ၊ မြင်းခြံ ၊ ပခုက္ကူ (ကမ္မ)
ချောက် ၊ တညောင်
ရန်ကုန် အောင်မင်္ဂလာကားဝင်း
၀၉၇၃၁၈၁၆၄၇ ၊ ၀၉၄၃၂၀၂၆၆၇
မကွေး
၀၆၃၂၆၂၁၅ ၊ ၀၉၈၆၃၇၀၄၈ ၊ ၀၉၄၀၁၅၈၂၃၇၁
ပခုက္ကူ
၀၆၂၂၃၇၂၆ ၊ ၀၉၃၃၇၈၆၀၇၉
ကမ္မ
၀၉၄၀၁၅၁၁၉၁၄
တောင်ကြီး
၀၈၁၂၀၂၀၈၉ ၊ ၀၉၇၃၁၉၂၄၇၆ ၊ ၀၉၃၁၄၆၈၉၈၅
ချောက်
၀၉၂၃၀၁၂၇၇ ၊ ၀၆၁၂၁၆၇၃
တညောင်
၀၉၄၀၁၅၆၁၉၂၇ ၊ ၀၉၂၅၂၁၈၄၉၆၈
ဆိပ်ဖြူ
၀၉၃၃၀၈၄၉၄၄ ၊ ၀၉၂၅၉၄၄၅၁၈၆
အာကာမိုးမြင့်
၀၉၄၂၅၃၀၅၉၉၃ ၊ ၀၉၇၉၉၆၅၇၀၉၂

အောင်တံခွန်
°°°°°°°°°°°°°°
ရန်ကုန် ၀၉၇၃၁၃၀၇၇၀
ဖဒို ၀၉၄၉၄၄၆၂၅၀
ကျောက်ကြီး ၀၉၄၂၈၁၈၁၆၇၈

ရန်ကြီးအောင်
°°°°°°°°°°°°°°°°
ရန်ကုန် ၊ ညောင်ရွှေ ၊ တောင်ကြီး ၊ မန္တလေး
09-73013761,09-73242560

စည်းစိမ်စံ
°°°°°°°°°°
မန္တလေး ၊ ပျော်ဘွယ် ၊ ရမည်းသင်း ၊ ရွာတန်း
09-254153868 , 09-79776360 ,
09-33456954

ရွှေစကား
°°°°°°°°°°
တမူး ၊ ကလေး ၊ မုံရွာ ၊ မန္တလေး
09-258990433 , 09-789285030

ဗန်းမော်မန်း
°°°°°°°°°°°°°
မန္တလေး ၊ ငါးအိုး ၊ ရွှေဂူ ၊ ဗန်းမော် ၊
မန္တလေး ၊ မြစ်ကြီးနား ၊ တနိင်း
၀၂ ၂၄၄၁၃ ၊ ၀၉၄၃၁၈၂၉၅၆ ၊ ၀၉၂၅၈၀၃၈၈၂၂

အမြဲစိမ်း
ကုန်းလမ်းပို့ဆောင်ရေး ကုမ္မဏီလီမိတက်
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
Forever Green Road Transport Co.,Ltd
01-202233 , 01-9010633 , 01-9010634

GA မင်းလက်ဝါး
°°°°°°°°°°°°°°°°°°
ရန်ကုန် ၊ မကွေး ၊ မင်းဘူး ၊ စကု ၊ လယ်ကိုင်း ၊ ပွင့်ဖြူ ၊
ရှောက်တော ၊ စလင်း ၊ ဆင်ဖြူကျွန်း ၊
အောင်မင်္ဂလာကားဝင်း 09-972972900 ,
09-43081660
ဂျိုကာဂိတ်
ရန်ကုန် 09-8583473 , 09-250117722 , 09-797117722
ငါးသိုင်းချောင်း 046-60544 , 09-455644299

ကချင်မန္တလာ
°°°°°°°°°°°°°°°
မန္တလေး ၊ ရွှေဘို ၊ မိုးညင်း ၊ ဟိုပင် ၊ အင်းတော် ဝှေ့ခါ ၊
လုံးခင်း ၊ ဆိပ်မူ ၊ ဖားကန့် ၊ မုံရွာ ၊ ဖားကန့် ၊ ဆယ်ဇင်း ၊ တနိင်း
မန္တလေး 02-23919 , 09-265690003 , 09-265690004 , 09-265690005 ,
09-440694447, 09-440694448
မုံရွာ 09-797448814 , 09-266708277 , 09-2130775

ခိုင်စိုးအောင်
°°°°°°°°°°°°°
မန္တလေး 09-47105438 , 09-402515038

ပန်းချယ်ရီ
°°°°°°°°°°°
မန္တလေး ၊ လားရှိုး ၊ မူဆယ် ၊ မိုးကုတ် ၊ တောင်ကြီး
မန္တလေး 02-61998 , 09-47300180 ,
09-259935414

မိဘဂုဏ်
°°°°°°°°°
ရန်ကုန် 09-8730757 , 01-637074

နဂါးညီးနောင်
°°°°°°°°°°°°°°°
ရပ်စောက် ၊ တောင်ကြီး မန္တလေး ၊ မိထ္ထီလာ ၊ နေပြည်တော် ၊
09-36284891 , 09-782546811

ပြည့်ဖြိုးအောင်
°°°°°°°°°°°°°°°°°
09-401665676 , 09-8601651

ပြုံးပန်းတစ်ရာ
°°°°°°°°°°°°°°°°
ရန်ကုန် ၊ ကျုံပျော် ၊ တောင်ကြီး
09-49265238 , 01-704979

အကယ်ဒမီ
°°°°°°°°°°°°
ရန်ကုန် ၊ မန္တလေး
09-49265238 , 09-33063001,
09-33058286 , 09-33058286

အလင်းရောင်မိုး
°°°°°°°°°°°°°°°°°
ရန်ကုန် ၊ ပဲခူး ၊ ကော့ကရိတ် ၊ မြဝတီ ၊
09-421115517 , 09-224303861

အဆွေတော်
°°°°°°°°°°°°°
ရန်ကုန် ၊ ဘားအံ ၊ ကော့ကရိတ် ၊ မြဝတီ
01-704951 , 09-73225369

အရိဒ္ဒမာ
°°°°°°°°°
ရန်ကုန် ၊ ကျောက်ပန်းတောင်း ၊ ပုဂံ ၊ ညောင်ဦး ၊ ပခုက္ကူ၊ ၊ ကံမ
09-420182767 , 09-420182768

အာကာမင်း
°°°°°°°°°°°°
ရန်ကုန် ၊ မော်လမြိုင် ၊ မုဒုံ ၊ သံဖြူဇရပ် ၊
09-43036195 , 09-43183797

အာကာသ
°°°°°°°°°°°
ရန်ကုန် ၊ မန္တလေး ၊ ပြင်ဦးလွင် ၊ မုံရွာ ၊ ရေဦး ၊ မကွေး ၊
ရေနံချောင်း ၊ ဘားအံ ၊ မော်လမြိုင် ၊
09-789444146,0973000096

အားသစ်
°°°°°°°°°
ရန်ကုန် ၊ မအူပင် ၊ ကျိုက်လတ် ၊ ရေလဲ ၊ ကျောက်ပိ
09-450000584 , 09-795409298

Asia Express
°°°°°°°°°°°°°°°°°
ရန်ကုန် ၊ ပြည် ၊ အောင်လံ ၊ တောင်တွင်းကြီး ၊
09-420091978 , 09-43143640

ATW (Anty Win Family Trading Co,.Ltd)
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ရန်ကုန် ၊ ထားဝယ် ၊ မြိတ်
09-254579922 , 09-31112632

အောင်ချမ်းသာ
°°°°°°°°°°°°°°°°°
ရန်ကုန် ၊ ရွှေလောင်း ၊ ကျွန်းကုန်း ၊ ဝါးခယ်မ ၊ ကျုံမငေး
ရန်ကုန် ၊ ကျိုက်ပိ ၊ မော်ကျွန်း
01-226291 , 09-785067305 , 09-73036973 , 09-785067305

အောင်ထူးစံ
°°°°°°°°°°°°
ရန်ကုန် ၊ ဘားအံ ၊ မြဝတီ
09-250235203 , 09-776210599

အောင်ကမ္ဘာ
°°°°°°°°°°°°°
ရန်ကုန် ၊ မကွေး ၊ မင်းဘူး ၊ မန္တလေး
09-43198116 , 01-701822

အောင်ကျော်မိုး
°°°°°°°°°°°°°°°°°
ရန်ကုန် ၊ မြန်အောင် ၊ ကြံခင်း
ရန်ကုန်၊ ငသိုင်းချောင်း၊ ကွင်းကောက်၊ အင်ကပူ၊
မယ်ဇလီကုန်း ၊ အင်းပင် ၊ မြန်အောင် ၊ ကြံခင်း
ရန်ကုန် ၊ ပခုက္ကူ

✍️

Address

No170 Bogyoke Road
Pyay
09790153992

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959895999907

Website

Alerts

Be the first to know and let us send you an email when Mya Nann San Constructionists posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share