𝗦𝗵𝗶𝘀𝗮 𝗢𝗻𝗹𝗶𝗻𝗲 𝗦𝘁𝗼𝗿𝗲 𝗠𝗱𝘆

  • Home
  • Myanmar
  • Mandalay
  • 𝗦𝗵𝗶𝘀𝗮 𝗢𝗻𝗹𝗶𝗻𝗲 𝗦𝘁𝗼𝗿𝗲 𝗠𝗱𝘆

𝗦𝗵𝗶𝘀𝗮 𝗢𝗻𝗹𝗶𝗻𝗲 𝗦𝘁𝗼𝗿𝗲 𝗠𝗱𝘆 အရည်အသွေးကောင်း စားသောက်ကုန်နှင့် လူသုံးကုန် အမျိုးမျိုးတို့ကို စျေးနှုန်းသင့်တင့်စွာဖြင့် ဝယ်ယူအားပေးနိုင်ပါပြီ။�

ချစ်​သော Customer များ2026 နှစ်သစ် မှသည် ကိုယ်စိတ်နှစ်ပါးလုံး ဘေးကင်းလုံခြုံပြီး စိတ်အေးချမ်းမှု၊ ကျန်းမာ၊ ပျော်ရွှင်မှု...
31/12/2025

ချစ်​သော Customer များ
2026 နှစ်သစ် မှသည် ကိုယ်စိတ်နှစ်ပါးလုံး ဘေးကင်းလုံခြုံပြီး စိတ်အေးချမ်းမှု၊ ကျန်းမာ၊ ပျော်ရွှင်မှုများနဲ. ပြည့်စုံပါစေ။ မျှော်လင့်ချက်၊ အိပ်မက်တွေ တစ်ခုချင်းစီ အကောင်အထည်​ ဖော်လာနိုင်ပါစေ​ လို.
Shisa Online Mandalay မှ ဆု​တောင်း​ပေးပါတယ်​နော်🙏။

Happy New Year 🎉


#နှစ်သစ်ဆုတောင်း



လူကြီးမိဘတွေကို ကန်တော့ဖို့ အိမ်ပြန်ကြတဲ့...ပျော်ရွှင်ကြည်နူးဖွယ်ရာ သီတင်းကျွတ်လ သီတင်းကျွတ်အချိန်အခါမှာ စိတ်ချမ်းသာ ကို...
06/10/2025

လူကြီးမိဘတွေကို ကန်တော့ဖို့
အိမ်ပြန်ကြတဲ့...

ပျော်ရွှင်ကြည်နူးဖွယ်ရာ သီတင်းကျွတ်လ သီတင်းကျွတ်အချိန်အခါမှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး လိုအင်ဆန္ဒများပြည့်ဝနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။


#သီတင်းကျွတ်လပြည့်
#သီတင်းကျွတ်အခါသမယ

18/09/2025

❝ သဘာဝသစ်ပင်ပန်းမန်တွေရဲ့ ထူးခြားတဲ့ ကုစားစွမ်းအင် ❞

သဘာဝတရားက အမြဲဆိုသလို လူသားမျိုးနွယ်အတွက် ပထမဆုံး ကုစားပေးသူဖြစ်ခဲ့တာပါ။
ယနေ့ခေတ်လို ခေတ်မီဆေးပညာတွေမပေါ်ခင် ကာလများစွာကတည်းက ရှေးဟောင်းယဥ်ကျေးမှု အစဥ်အလာတွေမှာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ နာမ်ရေးရာတွေအတွက် ကုစားခြင်းလမ်းစဥ်တွေမှာ သဘာဝတရားကရရှိတဲ့ သစ်ပင်ပန်းမန်တွေကို သုံးခဲ့ကြပါတယ်။ သဘာဝတရားရဲ့ အစွမ်းထက်လက်ဆောင်တွေဟာ သူတို့ရဲ့အလှတရားနဲ့ ဆေးဖက်ဝင်ဂုဏ်သတ္တိတွေကြောင့်သာမကဘဲ မမြင်နိုင်တဲ့စွမ်းအင်ကြိမ်နှုန်းတွေက သုံးစွဲသူကို အဆင့်မြှင့်တင်ပြောင်းလဲပေးနိုင်ပါတယ်။

▪ ကြိမ်နှုန်းနဲ့ သူ့ရဲ့အရေးပါပုံအကြောင်းအရင်း

လူသားတွေအပါအဝင် အရာအားလုံးက တုန်ခါမှုကြိမ်နှုန်းတစ်ခုအပေါ်မှာ တည်ရှိနေတာပါ။ ကျန်းမာတဲ့လူသားတစ်ယောက်ရဲ့ ခန္ဓာကိုယ်က 𝟔𝟐 𝐇𝐳 ကနေ 𝟕𝟐 𝐇𝐳 အထိ တုန်ခါမှုကြိမ်နှုန်းရှိပါတယ်။ အလားတူပဲ စိတ်ဖိစီးမှုတွေ၊ ရောဂါဘယတွေနဲ့ အဆိပ်အတောက်ဆန်တာတွေက တုန်ခါမှုကြိမ်နှုန်းတွေကို လျှော့ကျစေနိုင်ပါတယ်။ ဆန့်ကျင်ဘက်အနေနဲ့ သစ်ပင်ပန်းမန်တွေက ကြိမ်နှုန်းမြင့်စွာ တုန်ခါနေတာကြောင့် ရုပ်ခန္ဓာနဲ့ စိတ်ဝိညာဉ်ကို သဟဇာတဖြစ်စေဖို့ ထိန်းသိမ်းရာမှာ အထောက်အကူပြုပါတယ်။

ဥပမာအနေနဲ့ 𝐄𝐬𝐬𝐞𝐧𝐭𝐢𝐚𝐥 𝐎𝐢𝐥𝐬 (𝐂𝐨𝐧𝐜𝐞𝐧𝐭𝐫𝐚𝐭𝐞𝐝 𝐏𝐥𝐚𝐧𝐭 𝐄𝐬𝐬𝐞𝐧𝐜𝐞𝐬) တွေမှာ ကမ္ဘာပေါ်က အမြင့်ဆုံး တိုင်းတာနိုင်တဲ့ ကြိမ်နှုန်းအချို့ရှိနေပါတယ်။ 𝐋𝐚𝐯𝐞𝐧𝐝𝐞𝐫 နဲ့ 𝐒𝐨𝐨𝐭𝐡𝐢𝐧𝐠 𝐅𝐥𝐨𝐫𝐚𝐥 တွေက 𝟏𝟏𝟖 𝐇𝐳 တုန်ခါမှုကြိမ်နှုန်းရှိပြီး 𝐑𝐨𝐬𝐞 𝐄𝐬𝐬𝐞𝐧𝐭𝐢𝐚𝐥 𝐎𝐢𝐥 မှာ 𝟑𝟐𝟎 𝐇𝐳 တုန်ခါမှုကြိမ်နှုန်းရှိပါတယ်။

𝐅𝐫𝐞𝐪𝐮𝐞𝐧𝐜𝐢𝐞𝐬 လို့ခေါ်တဲ့ ကြိမ်နှုန်းတွေက ကျွန်တော်တို့ရဲ့ စိတ်ခံစားချက်ကုစားခြင်း၊ စိတ်ပိုင်းဆိုင်ရာ ကြည်လင်ခြင်းနဲ့ နာမ်ပိုင်းဆိုင်ရာ နိုးထခြင်းတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ကိုယ်ပိုင်တုန်ခါမှုကြိမ်နှုန်းတွေကို မြှင့်တင်သန့်စင်ပေးပါတယ်။

▪ ကုစားခြင်းစွမ်းအင်ရဲ့ ရှေးဟောင်းအစောင့်အရှောက်များလို့တင်စားရတဲ့ သစ်ပင်

ကမ္ဘာမြေကြီးပေါ်မှာ အစောဆုံးဖြစ်တည်နေတဲ့သက်ရှိတွေက သစ်ပင်တွေပါ။ သူတို့ရဲ့ အခြေချစွမ်းအင်က အနက်ရှိုင်းဆုံးတည်ငြိမ်ခြင်းတွေပါပဲ။ ကြီးမားကျယ်ပြန့်စွာ တွယ်ကပ်နေတဲ့ အမြစ်စနစ်နဲ့ သက်တမ်းရင့်သစ်ပင်တွေက ဉာဏ်ပညာ၊ ခံနိုင်ရည်နဲ့ အခြေတကျရှိခြင်းဆိုတဲ့ ကြိမ်နှုန်းကို ထိန်းသိမ်းထားပါတယ်။ သစ်ပင်ရဲ့အနီး (သို့မဟုတ်) သစ်ပင်ရဲ့အောက်မှာထိုင်တဲ့အခါ စိတ်ဖိစီးမှုတွေနဲ့ သွေးဖိအားကို လျှော့ချပေးပြီး စိတ်ကြည်လင်ပြတ်သားစေဖို့ ခံနိုင်ရည်ကို မြှင့်တင်ပေးနိုင်ပါတယ်။ ဒီလိုဖြစ်စဥ်ကို 𝐅𝐨𝐫𝐞𝐬𝐭 𝐁𝐚𝐭𝐡𝐢𝐧𝐠 (သို့မဟုတ်) 𝐒𝐡𝐢𝐧𝐫𝐢𝐧-𝐲𝐨𝐤𝐮 လို့ မှတ်သားနိုင်ပါတယ်။

▪ သစ်ပင်ရဲ့ကြိမ်နှုန်းနဲ့ ကောင်းကျိုးများ

ဝက်သစ်ချပင်လို့ခေါ်တဲ့ 𝐎𝐚𝐤 𝐓𝐫𝐞𝐞 တွေက ခွန်အားရဲ့ သင်္ကေတဖြစ်ပြီး ခိုင်ခံ့မှု၊ သတ္တိနဲ့ ခံနိုင်ရည်စွမ်းအားတို့ကို ပေးဆောင်နိုင်ပါတယ်။ သူ့ရဲ့တက်ကြွတဲ့စွမ်းအင်က စိတ်ခံစားမှုတွေကို တည်ငြိမ်စေပြီး ယုံကြည်မှုကို မြှင့်တင်ပေးနိုင်ပါတယ်။

ဘုဇဘက်ပင်လို့ခေါ်တဲ့ 𝐁𝐢𝐫𝐜𝐡 𝐓𝐫𝐞𝐞 တွေက
အလင်းနဲ့ သန့်စင်ခြင်းရဲ့ သင်္ကေတဖြစ်ပြီး ပြန်လည်သစ်လွင်ခြင်းနဲ့ သန့်ရှင်းစင်​​​​​​​​​​​​​​​​​​​​ကြယ်ခြင်းကို ပေးဆောင်နိုင်ပါတယ်။ သူ့ရဲ့တုန်ခါမှုကြောင့် စိတ်ရဲ့မြူခိုးတွေကို ရှင်းလင်းစေပြီး အသစ်စတင်ခြင်းကို အားကောင်းစေပါတယ်။

ထင်းရှူးပင်လို့ခေါ်တဲ့ 𝐏𝐢𝐧𝐞 𝐓𝐫𝐞𝐞 တွေက
မြှင့်တင်ခြင်းနဲ့ ပိုးသတ်ခြင်းရဲ့ သင်္ကေတဖြစ်ပြီး အသက်ရှုလမ်းကြောင်းကို ကုသပေးကာ ဝိညာဉ်ရေးရာ ကြည်လင်ပြတ်သားမှုတွေကို ပေးစွမ်းနိုင်ပါတယ်။ သူ့ရဲ့ရနံ့က အဆုတ်ကို ပွင့်ဟစေပြီး နာမ်ပိုင်းဆိုင်ရာစွမ်းအင်တွေကို မြှင့်တင်ပေးပါတယ်။

ထင်းရှူးအနွယ်ပင်အပင်တစ်မျိုးဖြစ်တဲ့ 𝐂𝐞𝐝𝐚𝐫 𝐓𝐫𝐞𝐞 ကို အကာအကွယ်နဲ့ မြင့်မြတ်တဲ့ သန့်စင်ခြင်းတွေပြုလုပ်ဖို့ ထုံးတမ်းစဉ်လာများတွင် အသုံးပြုလေ့ရှိပါတယ်။ သူ့ရဲ့စွမ်းအင်က မကောင်းတဲ့စွမ်းအင်တွေကို ရှင်းလင်းစေပြီး ကိုယ်ပိုင်ကန့်သတ်စည်းတွေကို အားကောင်းစေပါတယ်။

▪ တုန်ခါခြင်းဆိုင်ရာ ကောင်းမွန်ခြင်းတွေရဲ့ အစိမ်းရောင်ဆေးဝါးလို့ခေါ်တဲ့ အပင်များ

အပင်တွေဟာ ကျွန်တော်တို့လူသားတွေကို ကမ္ဘာမြေရဲ့ အသက်စွမ်းအားနဲ့ ချိတ်ဆက်ပေးထားပါတယ်။ သူတို့ရဲ့ အရောင်၊ ပုံစံနဲ့ ရနံ့တွေက သူတို့ထုတ်လွှတ်လိုက်တဲ့ကြိမ်နှုန်းတွေမှာ ပါဝင်ပြီးသားပါ။ အချို့စွမ်းအင်တွေက စိတ်ကိုနှိုးဆွပြီး ခွန်အားပေးနိုင်ကြသလို အချို့စွမ်းအင်တွေက ငြိမ်သက်အေးဆေးစေပါတယ်။ ကျွန်တော်တို့က လေဟာနယ်ထဲမှာ ရိုးရှင်းစွာနေထိုင်သည်ဖြစ်စေ၊ စားသုံးပြီး စိတ်ကြိုက်ပျံ့လွှင့်နေသည်ဖြစ်စေ အပင်တွေကတော့ ပြင်းထန်သောတုန်ခါမှုတွေနဲ့ ဇီဝဓာတုဆိုင်ရာ အကျိုးကျေးဇူးတွေကို ပေးစွမ်းနေပါတယ်။

▪ ကြိမ်နှုန်းမြင့်အပင်တွေနဲ့ သူတို့ရဲ့စွမ်းအားများ

ပင်စိမ်းပင်လို့ခေါ်တဲ့ 𝐁𝐚𝐬𝐢𝐥 (𝐇𝐞𝐫𝐛 𝐨𝐟 𝐂𝐥𝐚𝐫𝐢𝐭𝐲) မှာ ကြိမ်နှုန်း 𝟓𝟐 𝐌𝐇𝐳 ရှိပြီး အာရုံစူးစိုက်နိုင်မှု၊ ကြည်လင်ပြတ်သားမှုနဲ့ စွမ်းအင်ပိတ်ဆို့မှုတွေကို ရှင်းလင်းနိုင်ပါတယ်။

ပူစီနံပင်လို့ခေါ်တဲ့ 𝐏𝐞𝐩𝐩𝐞𝐫𝐦𝐢𝐧𝐭 မှာ ကြိမ်နှုန်း 𝟕𝟖 𝐌𝐇𝐳 ရှိပြီး အာရုံခံစားမှုကို လှုံ့ဆော်ပေးပြီး တက်ကြွမှုကို မြှင့်တင်ပေးကာ စွမ်းအင်နယ်ပယ်တွေကို လန်းဆန်းစေနိုင်ပါတယ်။

ခရမ်းရောင် 𝐋𝐚𝐯𝐞𝐧𝐝𝐞𝐫 ပင်မှာ ကြိမ်နှုန်း 𝟏𝟏𝟖 𝐌𝐇𝐳 ရှိပြီး
အာရုံကြောစနစ်ကို တည်ငြိမ်စေပြီး စိုးရိမ်ပူပန်မှုကို လျှော့ချပေးကာ နှလုံးသားနဲ့ 𝐂𝐫𝐨𝐰𝐧 𝐂𝐡𝐚𝐤𝐫𝐚𝐬 ကို ဖွင့်ဟပေးနိုင်ပါတယ်။

ပင်ပွားပင်လို့ခေါ်တဲ့ 𝐇𝐨𝐥𝐲 𝐁𝐚𝐬𝐢𝐥 (𝐓𝐮𝐥𝐬𝐢) က အာယုဗေဒမှာ မြင့်မြတ်တဲ့စွမ်းအင်တွေကို တုန်ခါစေပါတယ်။ ကိုယ်ခံစွမ်းအားကို အားကောင်းစေပြီး စိတ်ဓာတ်စွမ်းအင်ကိုမြှင့်တင်ပေးကာ သိမ်မွေ့တဲ့ စွမ်းအင်တွေကို ဟန်ချက်ညီစေခြင်းတို့ကြောင့် လူသိများပါတယ်။

အပင်တွေက လေထုကိုသန့်စင်ပေးသလို ကျွန်တော်တို့ဘဝရဲ့ ချိတ်ဆက်မှုတွေကိုလည်း အားကောင်းစေပါတယ်။ မြေသားကို ထိတွေ့​​​​​​​​​​​​​​​​​​​​ပေးခြင်း (သို့မဟုတ်) အပင်တွေကို ပြုစုပျိုး​​​​​​​​​​​​​​​​​​​​ထောင်ပေးခြင်းက အာရုံကြောစနစ်ကို ပြန်လည်ကောင်းမွန်စေပြီး ကျွန်တော်တို့ကို ကမ္ဘာ့စည်းချက်တွေနဲ့ လိုက်လျောညီထွေဖြစ်စေနိုင်ပါတယ်။

▪ သဘာဝရဲ့ အမြင့်ဆုံးတုန်ခါမှုလို့တင်စားရတဲ့ပန်းများ

ပန်းတွေက သက်ရှိသတ္တဝါတွေအားလုံးထဲမှာ အမြင့်ဆုံးကြိမ်နှုန်းအချို့ကို ပိုင်ဆိုင်ထားတာပါ။ သူတို့ရဲ့ ရည်ရွယ်ချက်က ၀တ်မှုန်ကူးခြင်း၊ စွမ်းအင်၊ အလှတရားနဲ့ ပျော်ရွှင်မှုကို ဆွဲဆောင်ထားဖို့ပါပဲ။ ဒါကြောင့်ပဲ ပန်းတွေကို စိတ်ဝိညာဉ်ရဲ့နောက်လိုက်များလို့ ယူဆထားကြပါတယ်။ သူတို့ရဲ့ သင်းပျံ့ပျံ့ရနံ့တွေ၊ စုံလင်လှပတဲ့ အရောင်အဆင်း​​​​​​​​​​​​​​​​​​​​တွေက စိတ်ဝိညာဉ်ရဲ့ ထူးခြားတဲ့အရည်အသွေးတွေကို ထင်ဟပ်စေပါတယ်။

▪ မြင်မြတ်တဲ့ပန်းပွင်းတွေနဲ့ သူတို့ရဲ့ကြိမ်နှုန်းများ

နှင်းဆီပန်း (𝐑𝐨𝐬𝐞) မှာ ကြိမ်နှုန်းတုန်ခါမှု 𝟑𝟐𝟎 𝐌𝐇𝐳 ရှိပြီး သဘာဝကြိမ်နှုန်းအမြင့်ဆုံးလို့ လူသိများပါတယ်။ အဆုံးအစမရှိတဲ့ချစ်ခြင်းမေတ္တာ၊ နှလုံးသားကုစားခြင်းနဲ့ မြင့်မြတ်တဲ့ ချိတ်ဆက်မှုတွေနဲ့လည်း ဆက်စပ်နေပါတယ်။

စံပယ်ပန်း (𝐉𝐚𝐬𝐦𝐢𝐧𝐞) မှာ ကြိမ်နှုန်းတုန်ခါမှု 𝟑𝟑𝟎 𝐌𝐇𝐳 ရှိပြီး နှလုံးသားနဲ့ 𝐒𝐚𝐜𝐫𝐚𝐥 𝐂𝐡𝐚𝐤𝐫𝐚𝐬 တွေကို ဖွင့်ဟပေးပါတယ်။ ကာမဂုဏ်ကို နှိုးဆော်ပေးကာ စိတ်ခံစားချက်​​​​​​​​​​​​​​​​​​​​တွေကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။

ကြာပန်း (𝐋𝐨𝐭𝐮𝐬) က ဉာဏ်ပညာရဲ့ သင်္ကေတပါ။ တခြားပန်းတွေလို 𝐌𝐇𝐳 နဲ့ မတိုင်းတာပေမယ့် ကြာပန်းဟာ နာမ်ပိုင်းဆိုင်ရာ ပြန်လည်မွေးဖွားခြင်း၊ သန့်ရှင်းစင်ကြယ်ခြင်းနဲ့ ပိုမိုမြင့်မားတဲ့ အသိစိတ်ဆက်စပ်မှုကို ကိုယ်စားပြုနေပါတယ်။

ခါမိုမိုင်းပန်း (𝐂𝐡𝐚𝐦𝐨𝐦𝐢𝐥𝐞) က နူးညံ့ညင်သာခြင်းရဲ့ သင်္ကေတပါ။ စိတ်ခံစားချက်နဲ့ ခန္ဓာကိုယ်ကို ဖြေလျော့စေပြီး ပြည့်ဝတဲ့အိပ်စက်ခြင်းအတွက် အထောက်အကူပြုပါတယ်။

အစွန်းအထင်းစွမ်းအင်တွေကို ရေထဲမှာထည့်သန့်စင်ပြီး စိတ်ပိုင်းဆိုင်ရာဒဏ်ရာတွေနဲ့ စွမ်းအင်မညီမျှမှုတွေကို ကုစားရာမှာ ပန်းတွေကို ပန်းအဆီအနှစ်ကုထုံးအဖြစ် အသုံးပြုကြပါတယ်။

▪ သဘာဝကြိမ်နှုန်းတွေထဲကို ဝင်ရောက်နည်း

သဘာဝတရားရဲ့ လက်ဆောင်တွေကနေ ကောင်းကျိုးတွေရဖို့ ဆေးဖက်ဝင်အပင်ကျွမ်းကျင် (𝐇𝐞𝐫𝐛𝐚𝐥𝐢𝐬𝐭) တစ်ယောက်၊ ဝိညာဉ်ရေးရာ လမ်းပြလေ့ကျင့်သူ (𝐒𝐩𝐢𝐫𝐢𝐭𝐮𝐚𝐥 𝐏𝐫𝐚𝐜𝐭𝐢𝐭𝐢𝐨𝐧𝐞𝐫) တစ်ယောက်ဖြစ်နေဖို့ မလိုအပ်ပါဘူး။ မိမိရဲ့နေ့စဉ်ဘဝမှာ ကြိမ်နှုန်းမြင့် သစ်ပင်ပန်းမန်​​​​​​​​​​​​​​​​​​​​တွေနဲ့ ပေါင်းစပ်ဖို့ ရိုးရိုးရှင်းရှင်း နည်းလမ်းကောင်းတွေရှိပါတယ်။

▫ မြက်ခင်းပေါ်နဲ့ သစ်ပင်တွေအနီးက ကမ္ဘာမြေကြီးရဲ့ အခြေချစွမ်းအင်ကို စုပ်ယူနိုင်တဲ့နေရာတွေမှာ ခြေဗလာနဲ့ လမ်းလျှောက်ပါ။

▫ စိတ်ခံစားချက်ကို မြှင့်တင်ဖို့ သဘာဝအဆီအနှစ် essential oils တွေကို အသုံးပြုတာ၊ ပန်းရနံ့ရှုရှိုက်တာမျိုးတွေကို လုပ်ပါ။

▫ 𝐏𝐥𝐚𝐧𝐭-𝐁𝐚𝐬𝐞𝐝 𝐏𝐫𝐨𝐝𝐮𝐜𝐭𝐬 လို့ခေါ်တဲ့ သဘာဝအခြေခံထုတ်ကုန်ပစ္စည်းတွေ၊ နေ့စဥ်ရွတ်ဖတ်ပူဇော်ခြင်းတွေမှာ သဘာဝတရားရဲ့ ကုစားခြင်းတုန်ခါမှုတွေကို ဖိတ်ခေါ်ပေးနိုင်တဲ့ အဆီအနှစ်ရနံ့ပစ္စည်းတွေကို ရွေးချယ်အသုံးပြုပါ။ သူတို့ဆီက သဘာဝကြိမ်နှုန်းတွေက ညီညွတ်မှု၊ ဟန်ချက်ညီမှု၊ ကြည်လင်ပြတ်သားမှုနဲ့ စိတ်ခံစားချက်ကောင်းမွန်မှုတို့အတွက် ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဉ်ထဲကို ညင်ညင်သာသာနဲ့ ချိတ်ဆက်ဝင်ရောက်လာမှာပါ။

▫ ကြိမ်နှုန်းမြင့်စွမ်းအင်တွေကို ထိန်းသိမ်းဖို့ အိမ်တွင်းမှာ လတ်ဆက်တဲ့ သစ်ပင်၊ ပန်းပင်များကို စိုက်ပျိုးပေးပါ။

▫ ရုပ်ပိုင်းဆိုင်ရာနဲ့ စွမ်းအင်အထောက်အပံ့အတွက် လာဗင်ဒါ၊ 𝐂𝐡𝐚𝐦𝐨𝐦𝐢𝐥𝐞 (သို့မဟုတ်) 𝐛𝐚𝐬𝐢𝐥 တို့လို ဆေးဖက်ဝင်အပင် Herbal Teas လက်ဖက်ရည်များကို သောက်သုံးပါ။

▫ သစ်ပင်ပန်းမန်တွေအနားမှာ တရားထိုင်ခြင်းက စိတ်ဝိညာဉ်ချိတ်ဆက်မှုကို နက်ရှိုင်းစေပြီး အာရုံကြောစနစ်ကို ဖြေလျော့ပေးမှာပါ။

▪ သဘာဝတရားနဲ့ လိုက်လျောညီထွေစွာ နေထိုင်ခြင်း

သစ်ပင်ပန်းမန်တွေဆိုတာ သက်ရှိကမ္ဘာလောက​​​​​​​​​​​​​​​​​​​​ကြီးမှာ အလှဆင်ဖို့သက်သက်သာမက လူသားတွေရဲ့ ကျန်းမာရေး၊ ချစ်ခြင်းမေတ္တာနဲ့ ဝိညာဥ်ရေးရာ ရည်ရွယ်ချက်တွေကိုပါ ချိတ်ဆက်ပေးနိုင်လောက်တဲ့ ထူးခြားကြိမ်နှုန်းတွေနဲ့ စွမ်းအင်ဖြစ်တည်မှုတွေပါ။

ကျွန်တော်တို့ကိုယ်တိုင် သူတို့ရဲ့တည်ရှိမှုကို အသိအမှတ်ပြုကာ တုန်ခါမှုကြိမ်နှုန်းတွေဆီ ဖွင့်ဟပေးလိုက်တဲ့အခါ သဘာဝနဲ့ လိုက်လျောညီထွေဖြစ်အောင် နေထိုင်တတ်လာပါတယ်။ ဒီအရာက ကျွန်တော်တို့ကိုယ်တိုင်အတွက်သာမက ကျွန်တော်တို့ပတ်ဝန်းကျင်အတွက်ကိုပါ ကုစားပေးနိုင်တာပါ။

အချုပ်အားဖြင့် ကုစားခြင်းဆိုတာ အမြဲတမ်း ပိုမိုလုပ်ဆောင်နေမှမဟုတ်ဘဲ အတွင်းစိတ်ကိုနားထောင်ခြင်း၊ အချိန်ယူပြီး ဖြည်းဖြည်းချင်းသွားခြင်း၊ အမြဲတမ်းရှိနေတဲ့အရာကို အသိဉာဏ်ပညာနဲ့ ပြန်ချိတ်ဆက်ခြင်း ဖြစ်ကြောင်းကို သဘာဝသစ်ပင်ပန်းမန်တွေရဲ့ ထူးခြားတဲ့ ကုစားစွမ်းအင်တွေက သတိပေးနေပါတယ်။

"ပိန်ချင်တယ် အချိန်မပေးနိုင်ဘူး" ဒီတော့ အစားနဲ့ပဲဝိတ်ထိန်းနေသူတွေဆို Shisa မှာရတဲ့ ရေညှိလေးနဲ့ဆိုအဆင်ပြေတယ်နော်။ ဖြူဖတ်ဖ...
19/08/2025

"ပိန်ချင်တယ် အချိန်မပေးနိုင်ဘူး"
ဒီတော့ အစားနဲ့ပဲဝိတ်ထိန်းနေသူတွေဆို Shisa မှာရတဲ့ ရေညှိလေးနဲ့ဆိုအဆင်ပြေတယ်နော်။

ဖြူဖတ်ဖြူရော်မစားချင်ဘူးဆိုရင် ဒီလိုလေး လုပ်စားကြည့်ကြ။အာဟာရလည်း ပါသလို ဝိတ်လည်း မတက်ဘူး။

ရေညှိနဲ့ဟင်းခတ်မှုန့် လိုချင်ရင် မင်တို့ဆီမှာ လာဝယ်နော်။

Product: Japan
Name: Dry Wakame Seaweeds
Weight: 50 g
Price: 11000Ks

ဂျပန်ပစ္စည်းစစ်စစ်​တွေကိုသာရောင်းချကြောင်း လုံးဝအာမခံတဲ့ မင်တို့ Shisa Online Store Mdy က မန္တလေးမှာဖြစ်လို့ မန္တလေးမြို့တွင်း အိမ်အရောက်ငွေချေ ဝယ်ယူရရှိနိုင်ပါတယ်။ 🛵

🚚 အခြားမြို့တွေကိုတော့ ငွေကြိုရှင်းစနစ်နဲ့ အိမ်အရောက်ပို့ပေးသလို ကားဂိတ်လည်းတင်ပေးပါတယ်ရှင့်။

Shisa Online Store Mdy

☎️09 964 314 774
☎️09 797 511 763






Sanchi Miso Soup ရဲ့ မီဆိုအနှစ်ထုပ်​လေး​တွေ ရပါပြီ​နော်။✨အရင်တစ်ခေါက် သက်ရှည်ဟင်းချိုလို့တင်စားရတဲ့ မီဆိုဟင်းချိုကိုလုပ်...
01/08/2025

Sanchi Miso Soup ရဲ့ မီဆိုအနှစ်ထုပ်​လေး​တွေ ရပါပြီ​နော်။✨

အရင်တစ်ခေါက် သက်ရှည်ဟင်းချိုလို့တင်စားရတဲ့ မီဆိုဟင်းချိုကိုလုပ်စားချင်သူတွေအတွက်ပါ ရှာရခက်တဲ့ မီဆိုအနှစ်ထုပ်တွေပါ။

Miso Paste ကအရသာ (၄) မျိုး ပါပြီးတော့ တစ်မျိုးတစ်ထုပ်မှာ (၂) ကန့်ပါတယ်။ တစ်ကန့်က မီဆိုအနှစ်၊ နောက်တစ်ကန့်က ဟင်းသီးဟင်းရွက်ခြောက်တွေ... မြန်မာလိုဆို မှို​ခြောက်ပန်း​ခြောက်လို ပေါ့နော်။🍄

အရသာလည်းကွာခြားသလို အသီးအရွက်ခြောက်ထုပ်တွေထဲမှာဆို
-ဝါကာမဲ ​ရေညှိ​ခြောက်
- ဟင်းနုနွယ်​ခြောက်
-တိုဖူး​ခြောက်
- ရုံးပ​တေသီး​ခြောက်
- ပြောင်းဖူးခြောက်- ကြက်သွန်နီ​ခြောက် အထုပ်​လေး​တွေ ပါပါမယ်။

မြည်းကြည့်ချင်တဲ ကာကာတို့အတွက်
အထုပ်ကြီးထဲက ခွဲ​ရောင်း​ပေးပါမယ်နော်..

Miso Paste (4) မျိုး + ပန်း​ခြောက်( 4)ထုပ်
Price: 7500Ks

🍲 မီဆိုဟင်းချိုလုပ်စားတော့မယ်ဆိုရင်-

- ကြိုက်နှစ်သက်ရာ မီဆိုအနှစ် ၁ထုပ်ကို လိုအပ်တဲ့ပမာဏ​ရေ​နွေးထည့် (မီဆိုအနှစ်တစ်ထုပ်လျှင် ဟင်းရည်ပန်းကန်အလတ်တစ်လုံးခန့်) ဟင်းရည် ပူလာပြီဆိုပါက ဟင်းရွက် အ​ခြောက် အထုပ်​လေး ​ဖောက်ထည်.ပါ။

ကြိုက်နှစ်သက်ရာ အသားငါးနဲ့အသီးအရွက်တွေ ပြုတ်ထည့်စားပါနော်.. အစပ်ကြိုက်ရင် ငရုတ်သီးစိမ်းလေးပါ ထပ်ထည့်။🌶️

မင်မင်က​တော့ Wakame ​ရေညှိစိမ်းရယ် Tofu အဝါ​လေးရယ် Enoki မှို​ နဲ့ငရုတ်သီးစိမ်းရယ် အိမ်မယ် ကျန်​နေတဲ အရွက်​လေး​တွေ ခပ်လိုက်တာပါဘဲ။😋

‼️ပဲဲပိစပ်က ဆားနဲ့အချဥ်ဖောက်ထားတာမို့ သွေးတိုးသမားနဲ့ကျောက်ကပ်ပြဿနာရှိတဲ့သူတွေ ချင့်ချိန်ပြီးစားပါနော်။‼️

ဂျပန်ပစ္စည်းစစ်စစ်ဖြစ်ကြောင်းအာမခံတဲ့ မင်မင်တို့ Shisa Online Store Mdy က မန္တလေးမှာဖြစ်လို့ မန္တလေးမြို့တွင်း အိမ်အရောက်ငွေချေ ဝယ်ယူရရှိနိုင်ပါတယ်။ 🛵

🚚 အခြားမြို့တွေကိုတော့ ငွေကြိုရှင်းစနစ်နဲ့ အိမ်အရောက်ပို့ပေးသလို ကားဂိတ်လည်းတင်ပေးပါတယ်ရှင့်။

Shisa Online Store Mdy
☎️09 964 314 774
☎️09 797 511 763







စိတ်ချရတာလေးတစ်ခု 𝗦𝗵𝗶𝘀𝗮 ကနေ ညွှန်းပေးဦးမယ်နော်။🤭မျက်နှာသစ်ဆိုတော့ တံဆိပ်အသစ်တွေလည်း သိပ်စိတ်မချလို့ မြန်မာမှာလည်း အသုံး...
01/08/2025

စိတ်ချရတာလေးတစ်ခု 𝗦𝗵𝗶𝘀𝗮 ကနေ ညွှန်းပေးဦးမယ်နော်။🤭

မျက်နှာသစ်ဆိုတော့ တံဆိပ်အသစ်တွေလည်း သိပ်စိတ်မချလို့ မြန်မာမှာလည်း အသုံးများပြီး Safe ဖြစ်တဲ့ Softymo လေးပဲ အစုံမှာထားပါတယ်ရှင့်...

သူက ဂျပန်ဘရန်းတွေထဲမှာ စျေးလည်းသိပ်မများသလို သုံးလို့လည်းအရမ်းကောင်း။မိတ်ကပ်​လိမ်းတဲ့သူတွေဆို မိတ်ကပ်ဖျက်ဆေးအနေနဲ့သုံးလို့ရလို့ Cleansing Water ဖိုးထပ်မကုန်တော့ဘူး။

တစ်မျိုးနဲ့တစ်မျိုး အကျိုးအာနိသင်ကွဲပြီး​ မျက်နှာသစ်ပြီးရင် ခြောက်ခြောက်ကြီးမကျန်ဘဲ အိအိစိိုစိုလေးနဲ့ Smooth ဖြစ််ကြည်လင်သွားတာ✨

🫧ပန်းရောင်လေးဆိုရင် Hydrated ဖြစ်တော့ ဝက်ခြံထွက်လွယ်တဲ့သူတွေ အသားခြောက်မှာကြောက်တဲ့သူတွေ၊ Dry Skin သမားတွေလို မျက်နှာသစ် တအားရွေးရတဲ့သူတွေသုံး။

🫧အပြာရင့်လေးက ပုလဲအာနိသင်ရယ် Vitamin-C ရယ် နှစ်မျိုးစလုံးထည့်ထားတော့ မျက်နှာပေါ်က အမဲစက်၊ အမာရွတ်ပျောက်ချင်သူတွေအတွက်။

🫧အပြာနုလေးကတော့ Collagen အဓိကပါ။ Collagen တွေရဲ့ထုံးစံအတိုင်း မျက်နှာအသားအရေကို ကြည်လင်စေတယ်... နုပျိုတင်းရင်းစေတယ်၊ အဆီဖုတွေထွက်တာပါ လျော့စေတယ်။

🫧အဝိုင်းလေးတစ်ခုတည်း ကွက်ပြာနေတဲ့ အဖြူရောင်ဘူးလေးကတော့ Sensitive နဲ့ Dry Skin သမားတွေအတွက်သီးသန့်။

သူ့ပါဝင်ပစ္စည်းက သဘာဝအသီးအရွက်တွေချည်းပဲ။အသားအရေကိုလည်း လုံးဝမခြောက်စေဘူး။

ပြောခဲ့သလိုအာနိသင်တွေ တကယ်ရချင်တယ်ဆိုရင် တစ်မျိုးဆိုတစ်မျိုး ပုံမှန်သုံးရုံနဲ့အဆင်ပြေတဲ့ မျက်နှာသစ်ဆေးလေးပါနော်..🫶🏼

ထပ်သိချင်ရင် Beauty Blogger တွေနဲ့ Reviewer တွေ​ပြောပြထားတာတွေပါ ရှာကြည့်လို့ရပါသေးတယ်။ ပိုစိတ်ချသွားတာပေါ့။👀

မှာမယ်ဆို မင်တို့ Page Chat Box ကိုလာခဲ့နော်။📝

Product: Japan
Name: Softymo
Weight: 190 g
Price: 21000Ks

ဂျပန်ပစ္စည်းစစ်စစ်ဖြစ်ကြောင်းအာမခံတဲ့ မင်မင်တို့ Shisa Online Store Mdy က မန္တလေးမှာဖြစ်လို့ မန္တလေးမြို့တွင်း အိမ်ရောက်ငွေချေ ဝယ်ယူရရှိနိုင်ပါတယ်။ 🛵

🚚 အခြားမြို့တွေကိုတော့ ငွေကြိုရှင်းစနစ်နဲ့ အိမ်အရောက်ပို့ပေးသလို ကားဂိတ်လည်းတင်ပေးပါတယ်ရှင့်။

Shisa Online Store Mdy
☎️09 964 314 774
☎️09 797 511 763







𝗦𝗵𝗶𝘀𝗮 𝗢𝗻𝗹𝗶𝗻𝗲 𝗦𝘁𝗼𝗿𝗲 𝗠𝗱𝘆 ရဲ့ "သတင်းကောင်းလည်းမျှ ဆုငွေလည်းရ" သွားတဲ့ ကံထူးရှင်တို့ထွက်ပေါ်လာပါပြီ✨ပါဝင်ယှဥ်ပြိုင်ခဲ့သူတွေထ...
18/07/2025

𝗦𝗵𝗶𝘀𝗮 𝗢𝗻𝗹𝗶𝗻𝗲 𝗦𝘁𝗼𝗿𝗲 𝗠𝗱𝘆 ရဲ့ "သတင်းကောင်းလည်းမျှ ဆုငွေလည်းရ" သွားတဲ့ ကံထူးရှင်တို့ထွက်ပေါ်လာပါပြီ✨

ပါဝင်ယှဥ်ပြိုင်ခဲ့သူတွေထဲကမှ စည်းမျဥ်းစည်းကမ်းနဲ့ကိုက်ညီပြီး ကံထူးရှင်အဖြစ်ရွေးချယ်ခံရသူ (၃) ဦးကို 𝗦𝗵𝗶𝘀𝗮 က ဂုဏ်ပြုလိုက်ပါတယ်ရှင်။🥰

ကံထူးရှင်များက Page Chat Box ကနေ ဆုငွေလက်ဆောင် လာရောက်ထုတ်ယူနိုင်ပါပြီ။

တခြားပါဝင်ခဲ့ကြသူတွေက အခုကံထူးရှင်မဖြစ်လည်း နောက်ထပ်ကံထူးရှင်ဖြစ်ဖို့ အခွင့်အရေးတွေရှိသေးတာမို့ 𝗦𝗵𝗶𝘀𝗮 𝗢𝗻𝗹𝗶𝗻𝗲 𝗦𝘁𝗼𝗿𝗲 𝗠𝗱𝘆 ကို​စောင့်ကြည့်ဖို့ မမေ့ပါနဲ့နော်။👀

Shisa Online Store Mdy
☎️09 964 314 774
☎️09 797 511 763






မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် ယနေ့ဗုဒ္ဓဟူးနေ့မှာကျရောက်တဲ့ ဓမ္မစကြာအခါတော်နေ့မှာ ဗုဒ္ဓတရားတော်များနာယူကျင့်သုံးပြီး ကုသိုလ်...
09/07/2025

မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်
ယနေ့ဗုဒ္ဓဟူးနေ့မှာကျရောက်တဲ့ ဓမ္မစကြာအခါတော်နေ့မှာ ဗုဒ္ဓတရားတော်များနာယူကျင့်သုံးပြီး ကုသိုလ်ဘာဝနာပွားများနိုင်ပါစေလို့ Shisa Online Shop Mdy မှဆုမွန်ကောင်းတောင်းလိုက်ပါတယ်။



#ဝါဆိုလပြည့်နေ့

𝗦𝗵𝗶𝘀𝗮 𝗢𝗻𝗹𝗶𝗻𝗲 𝗦𝘁𝗼𝗿𝗲 𝗠𝗱𝘆 ကိုမျှဝေပြီး Kpay (၅၀၀၀) ကျပ် ရယူစို့နော်✨မြန်မာနိုင်ငံမှာနေပြီး ဂျပန်အစားအစာတွေတဝကြီးစားနိုင်ဖို...
08/07/2025

𝗦𝗵𝗶𝘀𝗮 𝗢𝗻𝗹𝗶𝗻𝗲 𝗦𝘁𝗼𝗿𝗲 𝗠𝗱𝘆 ကိုမျှဝေပြီး Kpay (၅၀၀၀) ကျပ် ရယူစို့နော်✨

မြန်မာနိုင်ငံမှာနေပြီး ဂျပန်အစားအစာတွေတဝကြီးစားနိုင်ဖို့အတွက် ဂျပန်ပြည်ထုတ်စားသောက်ကုန်များအပြင် လူသုံးကုန်တွေကို မြန်မာနိုင်ငံအနှံ့ လက်လီလက္ကားရောင်းချပေးနေတဲ့ 𝗦𝗵𝗶𝘀𝗮 𝗢𝗻𝗹𝗶𝗻𝗲 𝗦𝘁𝗼𝗿𝗲 ရှိနေပါပြီ။🚏

မန္တလေးအခြေစိုက်ဖြစ်တဲ့ 𝗦𝗵𝗶𝘀𝗮 𝗢𝗻𝗹𝗶𝗻𝗲 𝗦𝘁𝗼𝗿𝗲 မှာ ပစ္စည်းမှာယူပါက မန္တလေးမြို့တွင်း ဇူလိုင် (၁၇)ရက်နေ့အထိ ပို့ဆောင်ခ အခမဲ့ ပို့ပေးမယ့် သတင်းကောင်းလေးရှိပါတယ်။ 📣

တခြားမြို့နယ်များကို ငွေကြိုရှင်းစနစ်နဲ့ အိမ်အရောက်
ပို့ဆောင်သလို ကားဂိတ်လည်းတင်ပေးပါတယ်ရှင့်။ 🛵

စိတ်ချရတဲ့ရောင်းချမှုစနစ်နဲ့ ဂျပန်နိုင်ငံကထုတ်လုပ်တဲ့ပစ္စည်းစစ်စစ်တွေကို ၁၀၀% အာမခံချက်အပြည့်ထားပြီး အမြို့မြို့အနယ်နယ်ကို ရောင်းချပေးနေတာမို့

ဒီသတင်းကောင်းကို မျှဝေရင်း Kapy (၅၀၀၀) ကျပ်ရယူဖို့-

✅ယခုပိုစ့်ကို Public ထားပြီးမိမိကိုယ်ပိုင်အကောင့်တွင် မျှဝေထားပါ။

✅Comment မှာ မျှဝေထားတဲ့ပိုစ့်ရဲ့ Screenshort နဲ့အတူ...

✅ ဆိုတဲ့ Hastag တစ်ခုတည်း ရေးသားပေးရမှာ ဖြစ်ပါတယ်။📝

ဒီကမ်ပိန်းကို ဇူလှိုင်လ (၁၆)ရက်နေ့အထိနောက်ဆုံး ပါဝင်နိုင်ပြီး ဇူလှိုင်လ (၁၇) ရက်နေ့မှာ ပါဝင်ထားသူတွေထဲက စည်းကမ်းချက်တွေနဲ့အကိုက်ညီဆုံး (၃) ဦးကို ကံထူးရှင်မဖြစ် ကြေညာပြီး ဆုငွေလွှဲအပ်ပေးသွားမှာ ဖြစ်ပါတယ်။💵

"သတင်းကောင်းလည်းမျှ ဆုငွေလည်းရ" မယ့်အစီအစဥ်လေးကို အခုပဲပါဝင်ထားနော်။🤭

Shisa Online Store Mdy
☎️09 964 314 774
☎️09 797 511 763






🇯🇵ဂျပန်လူမျိုးတွေက အသက်ရှည်အောင်နေထိုင်တဲ့နေရာမှာ နာမည်ကြီးတာအားလုံးသိမှာပါ။🧓🏼👵🏻သူတို့ရဲ့နေထိုင်မှုပုံစံ အစားအသောက်တွေကအ...
03/07/2025

🇯🇵ဂျပန်လူမျိုးတွေက အသက်ရှည်အောင်နေထိုင်တဲ့နေရာမှာ နာမည်ကြီးတာအားလုံးသိမှာပါ။🧓🏼👵🏻

သူတို့ရဲ့နေထိုင်မှုပုံစံ အစားအသောက်တွေကအစ ကျန်းမာရေးရှုထောင့်နဲ့ကိုက်ညီပြီး တခြားနိုင်ငံတွေနဲ့မတူပါဘူး။တော်သင့်ရုံပဲစားပြီး အာဟာရပဲအဓိကထားတဲ့ ဂျပန်လူမျိုးတွေရဲ့ထမင်းစားပွဲမှာ အမြဲနေရာယူတဲ့ မီဆိုစွပ်ပြုတ်ကရော ဘာတွေထူးခြားနေမလဲ?

သုသေသနအချို့က ပုံမှန်စားသုံးရင်အမှန်တကယ်အသက်ရှည်ကြောင်း ထောက်ခံထားတဲ့ မီဆိုဟင်းချိုက နှလုံးကျန်းမာရေးနဲ့ကိုယ်တွင်းအဆီဓာတ်ကို ထိန်းပေးတယ်လို့ဆိုပါတယ်။🫀

မီဆိုဟင်းချိုမှာပါတဲ့ အချဥ်ဖောက်ထားတဲ့ပဲပိစပ်က အူလမ်းကြောင်းကျန်းမာရေးအတွက် အထောက်အကူပြုသလို ကိုယ်ခံအားကောင်းစေတယ်။ တခြားပါဝင်ပစ္စည်းတွေက ဗီတာမင် B,E,K ၊ ကယ်လ်ဆီယမ်နဲ့သတ္ထုဓာတ်တွေပါ ပါပါတယ်တဲ့​နော်...

‼️တစ်ခုရှိတာက ပဲပိစပ်ကို ဆားနဲ့အချဥ်ဖောက်ထားဆိုတော့ သွေးတိုးသမားတွေနဲ့ကျောက်ကပ်ပြဿနာရှိတဲ့သူတွေ စားချင်တယ်ဆိုရင်အတော်လေးချင့်ချိန်စားရမှာပါ။🥹‼️

🍲 မီဆိုဟင်းချိုရဲ့အဓိကပါဝင်ပစ္စည်းတွေက

- မီဆိုအနှစ် – ပဲပိစပ်ကို ဆားနဲ့ ချဉ်ဖောက်ထားပြီး(ချို၊ ငန်၊ ဖန်)အရသာအမျိုးမျိုးရှိတတ်။
- ဒါချီမှုန့် – ငါးမှုန့် (bonito flakes) နဲ့ ပင်လယ်စာ (kombu) တို့ရောနှောထား။
- Tofu – တို့ဖူးအတုံးလေးများ
- Wakame – ပင်လယ်စာခြောက်
-ရေညှိ – ရေစိမ်ရေညှိ
- အနံ့အရသာအတွက် ကြက်သွန်မြိတ် တို့ပဲဖြစ်ပါတယ်နော်။

အိမ်မှာချက်မယ်ဆိုရင်တော့ ရေ (၄) ခွက်ကိုအပူပေးပြီး ဒါချီမှုန့်ထည့်၊ မီဆို(ပဲပိစပ်)အနှစ်ထည့်ပြီးမွှေရမှာပါ။ တအောင့်ကြာရင် တို့ဖူး၊ ရေညှိ၊Wakame(ပင်လယ်စာခြောက်) နဲ့ ကြက်သွန်မြိတ်ထည့်ပြီးရင် ရပါပြီ... တို့ဖူး မကြေသွားအောင်သတိထားပါနော်။ပြီးရင်တော့ ခွက်ထဲထည့်ပြီး ပူပူနွေးနွေး သုံးဆောင်နိုင်ပါပြီရှင့်။😋

ဒီသက်ရှည်ဟင်းချိုကို နေ့စဥ်စားသုံးတဲ့ Okinawa က လူကြီးတွေဆိုစစ်တမ်းအရ တကယ်အသက်ရှည်ခဲ့ကြတာမို့ လုပ်စားကြည့်ဖို့ မမေ့ပါနဲ့နော်..🤫

မီဆိုဟင်းချိုမှာထည့်သုံးတဲ့ ရေညှိလေးလိုချင်တယ်ဆို မင်မင်တို့ Shisa မှာရှိပါတယ်လို့..
=================================
ဂျပန်ပစ္စည်းစစ်စစ်ဖြစ်ကြောင်းအာမခံတဲ့ မင်မင်တို့ Shisa Online Store Mdy က မန္တလေးမှာဖြစ်လို့ မန္တလေးမြို့တွင်း အိမ်အရောက်ငွေချေ ဝယ်ယူရရှိနိုင်ပါတယ်။ 🛵

🚚 အခြားမြို့တွေကိုတော့ ငွေကြိုရှင်းစနစ်နဲ့ အိမ်အရောက်ပို့ပေးသလို ကားဂိတ်လည်းတင်ပေးပါတယ်ရှင့်။

Shisa Online Store Mdy
☎️09 964 314 774
☎️09 797 511 763








"ကောင်းလှချည်လား" ဂျပန်ဟင်းခတ်မှုန့်လေး လာပြီနော်။🧂Product: JapanName: Dashi PowderWeight: 160 gPricee: 15500.-Ksဆီအချို...
25/06/2025

"ကောင်းလှချည်လား" ဂျပန်ဟင်းခတ်မှုန့်လေး လာပြီနော်။🧂

Product: Japan
Name: Dashi Powder
Weight: 160 g
Pricee: 15500.-Ks

ဆီအချိုမှုန့်ရှောင်မယ်ဆို Kombu Katsuobushi Dashi လေးကို ဝယ်ထားလို့ရပါပြီ။😘

ဓာတုသုံးပြီး အရသာနှစ်ဆတိုးတဲ့ အချိုမှုန့်တွေထက်ပိုကောင်းတဲ့ Dashi ဟင်းခတ်မှုန့်လေးနဲ့မိတ်ဆက်ပေးရမယ်ဆိုရင်-

🟩အစိမ်းရောင်လေးက Kombu ပင်လယ်ရေညှိ၊ တန်ဖိုးကြီး တူနာငါးနဲ့အရသာတူလို့ နာမည်ကြီးတဲ့ Katsuo ငါးတို့ ပေါင်းစပ်ပြီးထုတ်လုပ်ထားပါတယ်။

🟥အနီ​ရောင်လေးကတော့ ရေညှိမ​ကြိုက်သူတွေအတွက်မို့ အသားဓာတ်အပြည့်အဝပါတဲ့ Katsuo Japan ငါးတစ်မျိုးတည်း ပါမှာပါနော်။

ဟင်းခတ်မှုန့် (၂) ထုပ်စလုံးကို ဟင်းလျာတွေအပါအဝင် ထမင်းကြော်၊ မီဆိုစွပ်ပြုတ်၊ ဟင်းရည်၊ ခေါက်ဆွဲသုပ်တွေမှာ ထည့်သုံးရင်အရသာကိုပိုလေးနက်စေပြီး ထိမိဂွိနေလို့ ဆောစ့်အရသာစပ်တဲ့နေရာအထိပါ သုံးလို့ရပါတယ်ရှင်...😋

Dashi ဟင်းခတ်မှုန့်ရဲ့အထူးခြားဆုံးအချက်ကတော့ သဘာဝပါဝင်ပစ္စည်းတွေသုံးထားပြီး ကျန်းမာရေးနဲ့ညီညွတ်တာမို့ မြန်မာအိမ်ရှင်မတွေလည်း သုံးကြည့်ဖို့ အသင့်တော်ဆုံးပဲနော်။👩🏼‍🍳

Instock မို့အခုမှာအခုရပဲ မင့်ကာကာတို့ရေ။ ✨

=================================
ဂျပန်ပစ္စည်းစစ်စစ်ဖြစ်ကြောင်းအာမခံတဲ့ မင်မင်တို့ Shisa Online Store Mdy က မန္တလေးမှာဖြစ်လို့ မန္တလေးမြို့တွင်း အိမ်အရောက်ငွေချေ ဝယ်ယူရရှိနိုင်ပါတယ်။ 🛵

🚚 အခြားမြို့တွေကိုတော့ ငွေကြိုရှင်းစနစ်နဲ့ အိမ်အရောက်ပို့ပေးသလို ကားဂိတ်လည်းတင်ပေးပါတယ်ရှင့်။

Shisa Online Store Mdy
☎️09 964 314 774
☎️09 797 511 763







Address

Mandalay

Website

Alerts

Be the first to know and let us send you an email when 𝗦𝗵𝗶𝘀𝗮 𝗢𝗻𝗹𝗶𝗻𝗲 𝗦𝘁𝗼𝗿𝗲 𝗠𝗱𝘆 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share