221 Liquor Store

221 Liquor Store customer first

11/05/2023

🔴မုန်တိုင်းမတိုက်ခတ်မီ၊ တိုက်ခတ်စဉ်၊ တိုက်ခတ်ပြီး အချိန်များတွင် လုပ်ဆောင်ရန်🔴

⚠️မုန်တိုင်းတိုက်ခတ်လာသောအခါ -

🔺လျှပ်စစ်မီးများ၊ ဓါတ်ငွေ့ပိုက်လိုင်းများအားလုံးကို ဆက်သွယ်မှုများ ဖြတ်တောက်ပစ်ရန်၊
🔺လေပြင်းဒဏ်ကြောင့် မိမိမှီခိုရာအဆောက်အဦ ပြိုကျနိုင်သည့်အနေအထားရှိပါက ခိုင်ခန့်သည့်စားပွဲ၊ ကုတင်များ၏အောက်တွင် ခိုလှုံနေထိုင်ရန်၊ ခိုင်ခန့်သည့်တိုင်တစ်ခုကို တွယ်ဖက်ထားရန်၊
🔺မုန်တိုင်းသတိပေးချက်များရရှိသောအခါ ပင်လယ်ပြင်ထွက်၍ ငါးဖမ်းခြင်းများ မပြုလုပ်ရန်၊
🔺မုန်တိုင်းခိုအဆောက်အဦများသို့ အမြန်ဆုံးပြောင်းရွှေ့ခိုလှုံရန်၊
🔺ရေဒီယိုဖြင့် နောက်ဆုံးသတင်းထုတ်ပြန်ချက်များကို အဆက်မပြတ်ဖမ်းယူနားထောင်ရန်၊
🔺သက်ဆိုင်ရာမှ မုန်တိုင်းအန္တရာယ်ကင်းရှင်းကြောင်း ကြေငြာချက်ထုတ်ပြန်သည်အထိ အန္တရာယ်ကင်းသည့်နေရာတွင်စောင့်ဆိုင်းရန်၊
🔺မုန်တိုင်းကျရောက်ချိန် ကားမောင်းနေပါက ကားကိုရပ်တန့်ထားရန်၊ ပင်လယ်ပြင်မှကွာလှမ်းသောနေရာ၊ သစ်ပင်ကြီးများ၊ လျှပ်စစ်ပါဝါလိုင်းများ၊ ရေလှောင်ကန်များနှင့် ဝေးကွာပါက ကားအတွင်း၌နေရန်။

⚠️မုန်တိုင်းမကျရောက်မီ -

🔺 မိုးလေဝသသတင်းများကိုဂရုစိုက်နားထောင်ရန်၊
🔺 မိမိနှင့်အနီးဆုံးတည်ရှိသော မုန်တိုင်းခိုအဆောက်အဦကို ကြိုတင်သတ်မှတ်ထားရှိရန်နှင့် ထိုနေရာသို့ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် အမြန်ဆုံးရောက်ရှိနိုင်မည့်လမ်းကြောင်းကို ကြိုတင်ရှာဖွေထားရန်၊
🔺ကောလဟာလသတင်းများကိုနားမထောင်မိရန်၊
🔺အရေးကြီးပစ္စည်းများပါဝင်သည့် အရေးပေါ်လက်စွဲအသုံးအဆောင် အရန်သင့်ကြိုတင်ပြင်ဆင်ထားရန်၊
🔺မိမိအိမ်အား သေချာစွာစစ်ဆေး၍ ခိုင်ခန့်မှုမရှိသည်များကို ခိုင်ခံ့အောင် အားဖြည့်ပြုပြင်ထားရန်၊
🔺အိမ်၊ခြံဝင်းအတွင်း ကျိုးပဲ့နိုင်သည့်အကိုင်း၊ အခက်လက်များကို ကြိုတင်ခုတ်ထွင်ရှင်းလင်းထားရန်၊
🔺မိမိအရပ်ဒေသသည် မုန်တိုင်းဒီရေလှိုင်းဒဏ် ကျရောက်နိုင်သည့်ဒေသဖြစ်လျှင် ကုန်းမြင့်နေရာ၊ မုန်တိုင်းခိုအဆောက်အဦ စသည့်ပုန်းခိုရန်နေရာအား ကြိုတင်ရှာဖွေသတ်မှတ်ထားရန်၊
🔺အရေးပေါ်ဆက်သွယ်ရမည့် ကယ်ဆယ်ရေးအဖွဲ့၊ အရေးပေါ်အဖွဲ့၊ သတင်းအချက်အလက်ရရှိနိုင်မည့်အဖွဲ့များ၏ဖုန်းနံပတ်၊ နေရပ်လိပ်စာတို့ကို အလွယ်တကူထားရှိရန်၊
🔺အစာအခြောက်များ၊ အရေးပေါ်ဆေးဝါးများ၊ သင့်လျှော်သည့်အကာအကွယ်ပစ္စည်းများကို စုဆောင်းထားရန်။

⚠️မုန်တိုင်းအန္တရာယ်ကျရောက်ပြီးပါက -

🔺သက်ဆိုင်ရာမှ မုန်တိုင်းအန္တရာယ်ကင်းရှင်းပြီဖြစ်ကြောင်း မကြေငြာမချင်း အပြင်မထွက်ရန်၊
🔺ဓါတ်ငွေ့များယိုစိမ့်မှုရှိ၊ မရှိစစ်ဆေးရန်၊ ရေစိုနေသောလျှပ်စစ်ပစ္စည်းများကို အသုံးမပြုရန်၊
🔺သက်ဆိုင်ရာမှကြေငြာပေးမည့်သတင်းနှင့် အကြံပြုချက်များကို ဂရုစိုက်နားထောင်ရန်၊
🔺မိမိအိမ်သို့သက်ဆိုင်ရာမှ အကြံမပြုမခြင်းဆန္ဒစောပြီး မပြန်ရန်၊ ပြန်ပါကလည်းသတ်မှတ်ထားသည့်လမ်းကြောင်းမှသာပြန်ရန်၊
🔺ကုန်းလမ်းခရီးသွားရပါက မြွေအန္တရာယ်အထူးသတိထားရန်၊
🔺လမ်းဘေးတွင်ပြတ်ကျနေသော လျှပ်စစ်ကြိုးများကိုမကိုင်မိ၊ မထိမိရန်သတိပြုရန်၊
🔺မီးဘေးအန္တရာယ်သတိပြုရန်၊
🔺ဝမ်းပျက်၊ဝမ်းလျှောရောဂါသတိပြုရန်။

လက်ရှိ မေလ (14) ရက် ညမှာ မုန်တိုင်း ဗဟို ဝင်ရောက်ဖို့ ခန့်မှန်းထားပါတယ်။ အချိန်မရှိပါ။ အမြန်ပြောင်းရွေ့ကြပါ။

ရခိုင်ကမ်းရိုးတန်းနေ မိတ်ဆွေ၊ သူငယ်ချင်းတွေရှိရင် အမြန် ဆက်သွယ်ပြီး အသိပေး နှိုးဆော်ပေးပါ။ အသက်ပေါင်းများစွာ အရေးမို့ ကိုယ့်ရဲ့ ဖုန်းတစ် call၊ Share လေးတစ်ချက်ကလည်း အရေးကြီးနေပါတယ်။

ယခု post ကိုလည်း အချိန်မလွန်ခင် အန္တရာယ်ရှိတဲ့ ဒေသက လူတွေဆီရောက်အောင် မျှဝေပေးဖို့တောင်းဆိုပါရစေ။






info from moezala

12/04/2023

လေးစားချစ်ခင်ရပါသော Customer များခင်ဗျာ့

မြန်မာနှစ်သစ်ကူး သင်္ကြန်ကာလအတွင်း
221 Liquor Store အား မနက် ၈ နာရီမှ ည ၉ နာရီ အထိ ဖွင့်လှစ်ရောင်းချပေးသွားမည်ဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်

နှစ်ဆန်းတစ်ရက်နေ့ ( ၁၇.၀၄.၂၀၂၃ ) မှ ( ၁၉.၀၄.၂၀၂၃ ) ထိ ဆိုင်ခေတ္တယာယီ ပိတ်ထားမည် ဖြစ်ပါကြောင်းလည်း ကြိုတင် အသိပေးကြေငြာအပ်ပါသည် ခင်ဗျ

#နှစ်သစ်မှာရွှင်လန်းချမ်းမြေ့ကြပါစေလို့ဆုတောင်းမေတ္တာပို့သအပ်ရင်း

221 Liquor Store
58 Street, Btw 116 x 117, Mandalay
09 977782218

သင်္ကြန်အထူး 4+1 PromotionYoma Special 330ml ၄ ဘူးဝယ် Cheers 330ml ၁ ဘူးလက်ဆောင်Turborg Gold 330ml ၄ ဘူးဝယ် Turborg Gold...
10/04/2023

သင်္ကြန်အထူး 4+1 Promotion

Yoma Special 330ml ၄ ဘူးဝယ် Cheers 330ml ၁ ဘူးလက်ဆောင်
Turborg Gold 330ml ၄ ဘူးဝယ် Turborg Gold 330ml ၁ ဘူးလက်ဆောင်
Bawdar 330ml ၄ ဘူးဝယ် Bawdar 330ml ၁ ဘူးလက်ဆောင်

မေတ္တာလက်ဆောင်ပေးအပ်နေပါပြီ ဗျ

promotion ကာလ လေးကတော့ ၁၆.၀၄.၂၀၂၃ ( သင်္ကြန်အတက်နေ့ ) ထိဆိုတော့ သင်္ကြန်တွင်း Beer နဲ့ Chill ကျမယ့် ဘော်ဒါတွေ အတွက် အိုခေစိုပြေနေပြီနော်

ပစ္စည်းလက်ကျန်ရှိတဲ့အထိသာ promotion အကြုံးဝင်တာမလို့ မြန်မြန်လာရောက်အားပေးကြဖို့ဖိတ်ခေါ်ပါရစေဗျ

မင်္ဂလာရှိသောနှစ်သစ်မှာ စိတ်ချမ်းသာကိုယ်ကျန်းမာပြီး လိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေ လို့ ဆုမွန်ကောင်းတောင်းပေးရင်း

221 Liquor Store
58th Street, Btw 116 x 117, Mandalay
09 977782218

မင်္ဂလာရှိသော နှစ်သစ်ကို ရိုးမနှင့်အတူကြို 221 Liquor58 Strest, Btw 116 x 117, Mandalay09977782218PGTG/MDY
31/03/2023

မင်္ဂလာရှိသော နှစ်သစ်ကို ရိုးမနှင့်အတူကြို

221 Liquor
58 Strest, Btw 116 x 117, Mandalay
09977782218
PGTG/MDY

Wedding dinner, Birthday Dinner, Ceremony Dinner များ အတွက် နိုင်ငံခြားဖြစ်အရက်ပုလင်းမျိုးစုံအား ပစ္စည်းအရည်အသွေး 💯 ရာခိ...
27/02/2023

Wedding dinner, Birthday Dinner, Ceremony Dinner များ အတွက် နိုင်ငံခြားဖြစ်အရက်ပုလင်းမျိုးစုံအား ပစ္စည်းအရည်အသွေး 💯 ရာခိုင်နှုန်း အာမခံ ပြီး အချိုသာဆုံးစျေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိပါသည်။

221 Liquor Store
58 Street, Btw 116 x 117, Mandalay
09977782218

✨✨✨Promotion 💥💥💥1964 ALE Beer 1can- 2200 MMK                          10can- 21000 MMK               1box (24can)- 50000...
18/02/2023

✨✨✨Promotion 💥💥💥

1964 ALE Beer 1can- 2200 MMK
10can- 21000 MMK
1box (24can)- 50000 MMK

221 Liquor Store
58 Street, Btw 116 x 117, Mandalay
09 977782218

ကြိုးကြာအထိမ်းအမှတ်သင်္ကေတနဲ့ အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ Liverpool အသင်း အား​ပေးသူတွေ အတွက် Carlsberg မှ Limited Edition...
29/10/2022

ကြိုးကြာအထိမ်းအမှတ်သင်္ကေတနဲ့ အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ Liverpool အသင်း အား​ပေးသူတွေ အတွက် Carlsberg မှ Limited Edition ဖန်တီးပေးလိုက်ပါပြီ

Carlsberg နဲ့ Liverpool FC 30 years together အထိမ်းအမှတ် အဖြစ် ထုတ်လုပ်လိုက်တဲ့ Carlsberg Beer Limited ကို ဝယ်ယူအားပေးချင်သူများအတွက် 221 Liquor Store မှာ ဝယ်ယူအားပေးနိုင်ပြီဖြစ်ကြောင်း သတင်းစကားပါးလိုက်ပါတယ် ခင်ဗျာ့

Liverpool မှ Liverpool အားပေးပါတယ် ဆိုတဲ့ သူတွေ မသောက်ပဲ အထိမ်းအမှတ်အနေနဲ့ကို အလှသိမ်းထားသင့်တယ်နော် 😁😁😁 Liverpool ရဲ့ Legends ကြီးတွေဖြစ်တဲ့ Rush, Garcia, Fowler, Carragher, Hyypia, Barnes တို့ရဲ့ လက်မှတ်တွေနဲ့ဆိုတော့ သောက်ပြီးတောင် ဘူးခွံကို အမှတ်တရ သိမ်းထားလို့ရနေပြီ

221 Liquor Store
58th Street, Bt 116 x 117, Mandalay
09 977782218

Address

58 Street, Between 116 X 117
Mandalay

Telephone

+959977782218

Website

Alerts

Be the first to know and let us send you an email when 221 Liquor Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share